Pages

Sunday, 22 June 2014

တခါတုန်းကရဲ့ တခါတလေ ဝမ်းနည်းခြင်း






တခါတုန်းက
တနေ့မှာ
အကြောင်းတစ်ခုကြောင့်
အကြောင်းကြောင်းတွေကြောင့်
ဆုံဆည်းခဲ့ကြသလို

Thursday, 17 April 2014

ဟိုးဝေးဝေးက သင်္ကြန်ဆီ




ကိုကို
..

မိုး ချစ်တာ  မသိဘူးလား ကိုကိုရယ်..
မိုး ..ကိုကို့ကို ချစ်ခဲ့တာ .. ကိုကို လုံးဝ မသိခဲ့ဘူးလား...



Thursday, 10 April 2014

မှ တပါး.. အခြား မရှိ




လွမ်းတယ်..
လွမ်းတိုင်း တမ်းတ တာ
မင်းမှ တပါး.. အခြား မရှိ


ချစ်တယ်..
ချစ်တိုင်း တွေးမိ တာ
မင်းမှ တပါး.. အခြား မရှိ


သတိရတယ်..
သတိရတိုင်း  စဉ်းစားမိ တာ
မင်းမှ တပါး အခြား မရှိ..


တကယ်တော့..
မှ တပါး .. အခြား မရှိ တဲ့


မင်း မှ တပါး.. အခြား မရှိ ပါတဲ့လေ...။



ကေပိုး
9:30 PM.
10.4.2014.

Saturday, 1 February 2014

လှေကလေး ၂ စင်း




ပထမတစ်စင်းက..
လှပ ကျော့ရှင်း တန်ဆာခင်းလို့
လူတကာ အားကျ.. အသွားလှအောင်
ဝံ့ဝံ့ကြွားကြွားနေခဲ့သည်.. 


ဒုတိယတစ်စင်းများ..
ခိုင်ခန့်တောင့်တင်း မာန်ဟုန်ခွင်းလို့
မှုန်မှိုင်းဝကာ.. ရေနံအရောင်
ထွန်းပြောင်တင့်လည် စေခဲ့သည်..


ကိုယ့်တွက်မှာများ
မခြားလူလို.. လှပခြင်းကို
တပ်မက်စိတ်ထားး.. လှမ်းလိုအားနှင့်
ကြိုးစား ဆွဲငင်.. နှောင်တွယ်ချင်သည်..
စိတ်လေး.. အများထိုသို့ပင်..

Tuesday, 21 January 2014

အရုပ်သည်







ကလေးတုန်းက.. မှတ်မှတ်ရရအိမ်ရှေ့လာတဲ့ အရုပ်သည်ကြီးတွေကို မြင်ရင်
လိုချင်စိတ်နဲ့ ငိုယိုအော်ဟစ်ပြီးတောင်းဆိုခဲ့ဖူးတယ်
ကလေးဆိုတာ အရုပ်ကြိုက်တဲ့လူမျိုးလို့.. ဘယ်အချိန်က သတ်မှတ်ခဲ့လဲ မသိခဲ့ဘူး..


ခဏ ခဏ တောင်းဆိုတာ များလာတော့.. မိဘ  ဆူပူ အရိပ်အကဲကြောင့်
တပ်မက်စိတ်ကို ကြောက်စိတ်ထိန်းလို့ ခပ်ယို့ယို့ပဲ နေခဲ့ရပြန်တယ်..
ဆူပူတယ်ဆိုတာ ကလေးတွေကိုထိန်းကြောင်းမှုမှန်း အဲဒီတုန်းက မသိခဲ့ဘူး..


သိတတ်စမှာ တွေ့ခဲ့ဖူးတဲ့ အစုတ်အပြတ်လဲ အရုပ်သည်မျိုး ထပ်တွေ့ပြန်တော့
သွားသွားငေးရင်း လိုချင်စိတ်ကဖြစ်ရပြန်တယ်..
ဟိုအရုပ်ကလေးလည်း လှလို့..ဒီအရုပ်ကလေးလည်း လှလို့..

Monday, 30 December 2013

The Journey of My Colourful Tolly



ဒီအချိန် သူများတွေလည်း ဒါပဲ ရေးမှာပဲ.. ကိုယ်ကိုယ်တိုင်လည်း ဒါပဲ ရေးမှာပဲ.. ထူးမခြားနား လူ့လောက ကတော့.. ဒါတွေနဲ့.. ဒါပြီး ဒါပြန်တွေနဲ့… ဒီလိုပဲ သူလိုကိုယ်လို အတွေးတွေနဲ့ ပျံ့ကြဲရင်း.. ကျနော်လည်း လူ့မနောထဲ စီးဝင်လို့.. ဒီအကြောင်းပဲ ထပ်ရေးမိပြန်တယ်…


၂၀၁၃ မှသည် ၂၀၁၄ ဆီသို့လို့ပဲ.. ခေါင်းစဉ်တပ်ရမလား.. ဘယ်လို ခေါင်းစဉ် တပ်ရမလဲ.. သူများတွေလို ဘာတွေ ထည့်ရေးရင် ကောင်းမလဲ.. ဘယ်လို စာတွေ စီရင်ကောင်းမလဲဆိုတာတွေ ပြည့်နှက်လို့.. ကိုယ်ရေးတဲ့ စာတစ်ပုဒ်.. လှစေချင်ခဲ့တာတော့ အမှန်ပါ..


မနက်ဖြန်၊ သဘက်ခါဆို ၂၀၁၄ ကူးပြောင်းပြီဆိုတဲ့ အတွေးက.. တခါတခါကျ.. ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ပြန်သတိရစေပြန်တယ်.. ဒါပေမဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ၂၀၁၃ ကိုတောင် သေချာမမှတ်မိတဲ့ ဒီဦးနှောက်က မိုက်ရူးရဲစွာ ၂၀၁၄ ကို ကျော်ဖြတ်ဖို့ အဆင်သင့် ရှိနေခဲ့ပြန်တယ်..


Saturday, 21 December 2013

ပျော်ရွှင်စရာ တစ်လပြည့်မွေးနေ့လေးပါ သမီးငယ်


ဘာလိုလိုနဲ့.. တစ်ရက်ပြီး တစ်ရက် ကုန်လွန်လာတာ.. ကျွန်မချစ်သော သမီးငယ်.. မနက်ဖြန်ဆို တစ်လသမီးဖြစ်ပြီပဲ.. မနက်ဖြန်အတွက်.. ဒီကနေ့ကတည်းက .. ဟိုတွေး ၊ ဒီတွေး.. သမီးကလေးကို.. အခုအချိန်များ.. သွားတွေ့လိုက်ရရင်ဆိုတဲ့ အတွေး.. ဖျောက်မရနိုင်ပြန်ဘူးလေ..


လွန်ခဲ့တဲ့ တစ်လ.. ဒီလိုအချိန်က.. ဗျာပေါင်းသောင်းခြောက်ထောင် များတဲ့.. မိသားစုကို ကြည့်ပါဆိုရင်.. ကျွန်မတို့တွေပဲ ဖြစ်မယ်ထင်ပါရဲ့... ညီမငယ်ရဲ့ .. နာကျင်လို့ .. ပျက်ယွင်းတဲ့ မျက်နှာနဲ့.. ဘေးက ဝိုင်းဝန်း ပူပန်နေကြတဲ့.. မိသားစုတွေ... ဒီလို လူတွေက.. အချိန်ပြည့် နွေးထွေးစွာ ကြိုဆိုနေတဲ့.. မကြာခင် ရောက်ရှိလာတော့မယ့်.. သမီးငယ်..


ဒီလိုနဲ့ .. မနက်ခင်းရဲ့ စောစောစီးစီးတစ်နေ့မှာ.. သမီးငယ် ရောက်ရှိလို့ လာခဲ့တယ်.. ခွဲမယ်ဟဲ့.. မခွဲလည်း ရသေးတယ်ဟဲ့ဆိုတဲ့.. ချီတုံချတုံ အခြေအနေမှ.. အရာအားလုံး အဆင်ပြေရင်  ခွဲလိုက်ကြမယ်လို့.. ဆုံးဖြတ်ကြပြီး.. ညီမငယ် ခွဲခန်းထဲ ဝင်သွားပြီး သိပ်မကြာတဲ့ ကာလလေးမှာ..  အော်ဟစ်သံလေး ဆူညံစွာပဲ.. ခွဲခန်းထဲမှ.. ထွက်လာခဲ့တာက.. သမီးငယ်..