Pages

Saturday, 10 August 2013

အမြဲတမ်း ရှုံးတဲ့ ကျနော့်အရှုံး


ထားရာနေ စေရာ သွား
သေချာသွားတာက..
ခများရဲ့ ကျေးကျွံ..

ထိန်းထားတယ် တင်းထားတယ်
ယိုင်မကျဖို့..
ကျနော့်စိတ်တွေ..

Sunday, 28 July 2013

ဘွန်ဇိုင်းရေ..



ဘွန်ဇိုင်းရေ...

လူတွေ အမြင်မှာ.. ငါဟာ နင့်ကို သတ်သူတဲ့..
စွပ်စွဲလိုက်ကြတာဟာ..
တကယ်တော့..
ငါက နင့်အတွက် ပေးဆပ်သူပါ.. ။

သူတို့အတွေးက..
အလှဆုံးဖူးပွင့်မယ်..
အမြင့်ဆုံး ထိုးထွက်မယ်တဲ့..
သိပ်မှန်တဲ့ စကားပါ.. ။

Sunday, 21 July 2013

အိမ်



နွေးထွေးရာ .. အေးမြရာ.. နားခိုရာ... ပျော်ရွှင်ရာတွေ အားလုံး စုထားတဲ့ နေရာလေးတစ်ခုက.. အိမ် တဲ့... ကျနော့်မှာ.. အဲဒီလို အိမ်ကလေးတစ်လုံး ရှိပါတယ်.. ရှိခဲ့ပါတယ်.. ရှိနေပါတယ်.. ဒါပေမဲ့.. အဲဒီ အိမ်ကလေးဟာ.. ကျနော့်အပိုင် မဟုတ်ခဲ့ပါဘူး.. စည်းစနစ်နဲ့  အနွေးထွေးဆုံး အပမ်းပြေနားခိုရာဖြစ်ဖို့.. ရှိစုမဲ့စုတွေ ခြစ်ချုပ်လို့.. တည်ဆောက်ခဲ့တဲ့.. ကျနော့်မိဘရဲ့ အိမ်ကလေးပါ..


ဟိုး.. ငယ်ငယ်တုန်းက.. ကျနော် မှတ်မိနေသေးတယ်.. သူများအိမ်မှာ.. ငှားရမ်းနေခဲ့ရတုန်းကပေါ့.. ကိုယ်က ဘယ်လောက်၊ ဘယ်လို ပိုက်ဆံတွေ ပေးပြီး.. ငှားနေဦးပစေ.. အိမ်ရှင်ဆိုတဲ့ မျက်နှာက.. ကျနော်တို့လို အိမ်ငှားတွေအတွက်.. ဘုရားတစ်ဆူနီးနီး ကိုးကွယ်ခဲ့ရတယ်.. ကိုယ်တွေ တွေ့ခဲ့တဲ့ အိမ်ရှင်တွေက.. ဆိုးဆိုးရွားရွား တစ်ယောက်မှ မပါခဲ့ပေမဲ့.. ကျနော့်အချစ်ဆုံးဖခင်ကတော့.. ငါ့အတွက်.. ငါ့မိသားစုအတွက်.. နားခိုရာ အနွေးထွေးဆုံး အိမ်ကလေးတစ်လုံး အပိုင် ရှိသင့်တယ်လို့.. တွက်ချက် ခဲ့တယ်.. တွက်ချက်ခဲ့သလိုပဲ.. အပင်ပန်းးခံ၊ အဆင်းရဲခံ.. ရှာဖွေရသမျှကို စုဆောင်းခဲ့တယ်..


Saturday, 20 July 2013

ကျနော်နှင့် ဘုဂလန့်စိတ်


ဒီနေ့ စာတစ်ပုဒ် ဖတ်ရတယ်..
ဘာတဲ့..
ကိုယ်လိုရာ ဆွဲတွေး လောကကြီး..

ကျနော်လေ
တကယ်ပါဗျာ..
စိတ်ကုန်မိတယ်..
ဒီအပြောကျယ်တဲ့ ပင်လယ်ပြင်ကို..

Sunday, 7 July 2013

အလွမ်းဖြေခဲ့တယ်..


ကျနော်..
ဒီနေ့..


စီးခဲ့ဖူးတဲ့..
အဓိပတိ အဝါကြီးနဲ့လည်း..
အလွမ်းဖြေခဲ့တယ်..


ရေစီးကြောင်းထဲက..
လှည်းတန်းဖက်ရှင်နဲ့လည်း..
အလွမ်းဖြေခဲ့တယ်..


Saturday, 15 June 2013

ရာထူးဆိုတာ ????


 ရာထူးဆိုတာ.. ဘာလဲ ???


တင်ထားတဲ့ ခေါင်းစဉ်ကို.. ကိုယ့်ကိုယ်ကိုယ်..  ကိုယ့်စိတ်ကို ကိုယ်.. ခဏ၊ ခဏ ပြန်မေးမိတဲ့.. မေးခွန်းတစ်ခုပါ…


တကယ်ပဲ.. ရာထူးဆိုတာ ဘာပါလိမ့်.. ??


ထို့ထက်ပိုတာက.. ရာထူးဆိုတဲ့ သတ်မှတ်ချက်ဟာ.. ဘာပါလဲ.. ??
ဘယ်လို အခြေအနေတွေ … ဘယ်လိုလူမျိုးဆိုတာတွေကို.. ရာထူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ.. သွပ်သွင်းသလဲလို့.. သိချင်ပါတယ်..


Tuesday, 4 June 2013

ဘဝခြားခြင်း


ရုတ်တရက် .. ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်ထုကြီးထဲက .. အတင်းပြူးပြဲထမိတော့ .. ဖျော့တော့တော့ အလင်းရောင်က.. နရံကင်းတဲ့ ကွင်းပြင်ကြီးကို.. မြင်မိစေခဲ့ပြန်တယ်.. ဘယ်မှာလဲ.. လာလမ်း.. ဘယ်မှာလဲ.. ပြန်လမ်း.. .. ရုတ်ချည်း သတိရမိတာက.. ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေ   ပျောက်ဆုံးaနတယ်ဆိုတာပါပဲ..


တည်ရှိနေတဲ့ နေရာကနေ.. နောက်ထပ် နေရာတစ်ခုဆီ ရွေ့ဖို့ ကြိုးစားမိတော့... ကျွန်တော့် ခန္ဓာကိုယ်က.. ငှက်မွှေး၊ ငှက်တောင်ပမာ.. သိလိုက်မိပါပြီ.. ကျွန်တော့အတွက် နေရာအသစ် တစ်ခုဆီ.. ခြေလှမ်း ပြင်ခဲ့ပြီပဲ...


လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကမှ.. နာကျင်နေတဲ့ ခံစားချက်တွေ.. အသည်းခိုက်အောင် ခံစားရတာတွေ.. ဒီအချိန်မှာ .. ပျောက်ရှသွားခဲ့ပြီပဲ... သေချာတာကတော့.. ကျွန်တော်.. သူတို့နဲ့ ဝေးကွာခဲ့ပြီတဲ့.. ကျန်ခဲ့တဲ့.. ကျွန်တော်ချစ်သူတွေကို ပြန်တွေးမိတော့.. လွန်ခဲ့တဲ့ လ အပိုင်းအခြားတစ်ခုကို.. တွေ့မြင် ခဲ့ပြန်တယ်..