Pages

Saturday, 7 September 2013

သခင့်ဆီသို့ ရည်ညွှန်းသည်..


နှုတ်က ချစ်ခြင်း
ရင်တွင်းဖွဲ့ကာ
ဖြစ်တည်လာလည်း
ပေးအပ်မည့်သူ
ငြူစူသည်မို့
လက်သိပ်လျှိုကာ
ပုန်းခိုပြန်သည်
သခင် မကြင်၍ ငိုမိသည်..

Monday, 2 September 2013

မိုးထိတဲ့ မာန



ဝေဒနာ မဖြေသာပါဘူး
မကြေညာ တွေဝေကာနေတာမို့
လေညာမှာ ပျော်သလိုသာ နေလိုက်စမ်းပါ့
မောင်မုန်းတဲ့ ခင့်ကို
စောင်းငဲ့လို့တော့ မကြည့်စေနှင့်
မောင့်အသနားတော့ဖြင့် မခံလို..။


လွမ်းပိုလို့ ကျွမ်းငိုကာ လွမ်းစေဦး
မှန်းမျှော်ကာ မတအောင် နေလိုက်မယ်
လွမ်းဝေလို့ နာဖျားပါစေတော့
ခင့်အချစ်က ဘယ်လောက်ပိုပို
မောင်သိအောင် ကြေညာမယ့်
မိုးထိတဲ့ မာန .. မောင်သိလို့ နေစေဦးတော့..။


ကေပိုး
10:30 PM.
2.9.2013.

လွမ်းမိတဲ့ S-21 ..



မှောင်မည်းမည်း ချောင်တစ်ချောင်က .. အခန်းငယ်တစ်ခု.. ထိုနေ့က .. ပျိုးပြက်လင်းလက် စွာ  နုပျိုသစ်လွင်လို့ နေခဲ့တယ်.. လန်းဆန်းတက်ကြွတဲ့ တောက်ပပ ခြေလှမ်းတွေက.. ဒီအခန်းငယ် ကလေးကို သက်ဝင်လှုပ်ရှားစေခဲ့ပြန်တယ်.. အဲဒီနေ့က ကျနော်တို့အတန်းတွေ စ တက်ရတယ်လေ..


စိမ်းသက်သော ရွယ်တူ လူတွေကြားထဲ.. စိမ်းသက်သောအတွေးက.. ကျနော် ကြောက်တယ်တဲ့.. ဘာကြောင့်များ ကြောက်မိပါလိမ့်.. ကျောင်းရဲ့ အရှိန်ကြောင့်ရယ်လား.. အတန်းရဲ့ အရှိန်ကြောင့်ရယ် လား.. သေချာ မကွဲပြားခဲ့ဘူး..  ဒါပေမဲ့.. စတင်ထိတွေ့ခံစားရတဲ့ မှောင်ကုပ်ကုပ် ချောင်ကလေးထဲက.. မီးချောင်းထိန်ထိန်ထွန်းထားတဲ့ ဒီအခန်းငယ်လေးကတော့.. S-21 လို့ အမည်နာမရှိတယ်ဆိုတာ.. စ ရောက်ရောက်ချင်းမှာ မှတ်မှတ်ထင်ထင် သိခဲ့ရတယ်.. ကျနော် S-21 မှာ စတက်ရပြီတဲ့..



ဒီလိုနဲ့ S-21 ကို .. ကျနော် စတင်ရောက်ရှိခဲ့တယ်.. မှတ်မှတ်ရရ အဲဒီတုန်းက S-21 မှာ မိန်းကလေးဆိုလို့.. ကျနော်အပါအဝင်မှ (၃)ယောက်ထဲရယ်ပေါ့.. စိမ်းသက်သက် လူတွေကြားထဲက မိန်းကလေး (၃)ယောက်ကို.. ထိုစိမ်းသက်သော လူရွယ်များကပဲ.. ဖေးကူထိန်းလို့ စောင့်ရှောက်ပေးခဲ့ တာက.. ကျနော် သိပ်ချစ်တဲ့ ထိုအခန်းငယ်ကလေးက စခဲ့တဲ့ သင်တန်းလေးတစ်ခုပါပဲ..


Thursday, 29 August 2013

ကျေနပ်လိုက်


ခွက်ထိုးခွက်လန်ပါပဲ..
လက်လွတ်ခွက်ကျွတ်ပါပဲ..
တခါတခါ ရီရတဲ့ဟာသတွေရယ်..


ပဲကြီး အီးပြန်လှန်ပါပဲ..
ငါ့စကား နွားရပါပဲ..
တော်ပါ့ ရီရတဲ့ဟာသတွေရယ်..


Friday, 23 August 2013

စွန်းထင်းခဲ့ကြတယ်..


တကယ်တော့ အဲဒီနေ့က
ကျနော်တို့ တစ်ခုခုကို
ထုဆစ်ခဲ့ကြတယ်.. ။


ချစ်ခြင်း၊ မုန်းခြင်း
ဒေါသ၊ မာန်မာန
အာဃာတ အမှိုက်သရိုက်တွေပဲပေါ့.. ။

ဘယ်သူ တရားပျက်ပက်
ကိုယ် မပျက်စေနဲ့တဲ့..

Saturday, 10 August 2013

အမြဲတမ်း ရှုံးတဲ့ ကျနော့်အရှုံး


ထားရာနေ စေရာ သွား
သေချာသွားတာက..
ခများရဲ့ ကျေးကျွံ..

ထိန်းထားတယ် တင်းထားတယ်
ယိုင်မကျဖို့..
ကျနော့်စိတ်တွေ..

Sunday, 28 July 2013

ဘွန်ဇိုင်းရေ..



ဘွန်ဇိုင်းရေ...

လူတွေ အမြင်မှာ.. ငါဟာ နင့်ကို သတ်သူတဲ့..
စွပ်စွဲလိုက်ကြတာဟာ..
တကယ်တော့..
ငါက နင့်အတွက် ပေးဆပ်သူပါ.. ။

သူတို့အတွေးက..
အလှဆုံးဖူးပွင့်မယ်..
အမြင့်ဆုံး ထိုးထွက်မယ်တဲ့..
သိပ်မှန်တဲ့ စကားပါ.. ။