Pages
Monday, 30 April 2012
အဟောက်ရွာလေးဆီသို့ အလည်တစ်ခေါက် (အပိုင်း-၄) ဇာတ်သိမ်း
ကွင်းထဲမှာ တော်တော်ကြာကြာ အော်ဟစ်ပျော်ရွှင်နေတဲ့ ကျွန်မတို့အဖွဲ့
ကွင်းထဲမှနေပြီး ဘုရား ရင်ပြင်တော်ပေါ်ကို အော်ဟစ် က ခုန်ပြီး
ဝင်လာခဲ့ကြပြန်ပါတယ်။ တစ်ဖွဲ့တည်းဖြစ်ပေမဲ့ တောင်ပေါ်သူ မဟုတ်တဲ့
ကျွန်မအတွက်တော့ တောင်ပေါ်သူ၊ တောင်ပေါ်သား သူငယ်ချင်းတွေ က ခုန်နေကြတာကိုပဲ
ဘေးက ကြည့်မိနေမိပါတယ်။ ဒါကို မြင်တဲ့ သူငယ်ချင်းတွေက အတင်းကို ၀ိုင်းထဲ
ခေါ်သွင်း က ခိုင်းတာမို့ ရှက်တတ်တဲ့ ကျွန်မ ဘယ်လိုမှကို ဝေးဝေးရှောင်မရပဲ
သူတို့ နဲ့အတူ ရောနှော က ဖြစ်ခဲ့ပါသေးတယ်။ အဲလို ၀င် က တော့မှပဲ
သူငယ်ချင်းတွေရဲ့ မျက်နှာပြုံးပြုံးတွေကို ထပ်မံ တွေ့ရှိခဲ့ရပြန်ပါတယ်။

Sunday, 29 April 2012
အဟောက်ရွာလေးဆီသို့ အလည်တစ်ခေါက် (အပိုင်း-၃)
ကျွန်မတို့အဖွဲ့
ထမင်းစားသောက်ပြီး ည ၇ နာရီသာသာလောက်မှာတော့ မီးပုံးပျံ လွှတ်ရန်
ထွက်လာခဲ့ကြပါတော့တယ်။ ရွာဘုရားရဲ့ အရှေ့ဘက် ခပ်လှမ်းလှမ်းက ကွင်းပြင်မှာ
လွှတ်မယ်လို့ ရည်ရွယ်တာကြောင့် ကျွန်မတို့အဖွဲ့ အောင်ပန်းက လုပ်ယူလာတဲ့
ဘောလုံးကြီးရယ်၊ မီးပန်းစင်ရယ်၊ ရေနံတိုင်ရယ်ကို ထမ်းပြီး အရှေ့ဘက်
ကွင်းပြင်ကို ထွက်လာခဲ့ ကြပါတယ်။ အနီးကပ် တစ်ခါမှ မမြင်ဖူးတဲ့
ကျွန်မအတွက်တော့ အရာရာဟာ ဆန်းသစ်လို့ နေခဲ့ပါတယ်။ တောင်ပေါ်ရွာ မဟုတ်တဲ့
အောက်ပြည်အောက်ရွာက ရွာသူရွာသားတွေဖြစ်တဲ့ အဟောက်ရွာသားတွေအတွက်လည်း
ကျွန်မနည်းတူ သိချင်မြင်ချင်နေကြတာကိုလည်း တွေ့ခဲ့ရပြန်ပါတယ်။

ယမ်းစင်လုပ်နေကတည်းက ရွာမှာရှိတဲ့ ကလေးတွေ လာလာ ကြည့်လွန်းလို့ မောင်းထုတ်ခဲ့ရတာလဲ အမောပဲဖြစ်ခဲ့ရပါတယ်။ ယမ်းတွေ စ ကိုင်တာနဲ့လည်း ယမ်းစင်အနီးကို မီးခြစ်၊ ဆေးလိပ် စတာတွေကို အနားမှာ အရှိကို မခံတော့တာပါ။ အလွယ်တကူ ပေါက်ကွဲနိုင်တယ်လို့လဲ ကျွန်မသူငယ်ချင်း မီးဆရာ ဥာဏ်ဝင်းက ပြောပြခဲ့ပါသေးတယ်။ အခုလည်း မီးပုံးပျံလွှတ်ရာနေရာ အနီးကပ်အထိ လိုက်လာခဲ့တဲ့ ရွာသားတွေ ကို အတင်းမောင်းထုတ်ပြီး ကိုက် ၅၀၀ လောက်မှာ ကြိုးတွေတားပြီး အဲဒီစည်းကို မကျော်ရဘူးလို့လဲ စည်းကမ်း သတ်မှတ် ယူခဲ့ရပြန်ပါတယ်။ မတော်တဆ ပေါက်ကွဲမှု ဖြစ်လာမှာ စိုးတာကြောင့်ရယ်၊ စည်းကမ်းမရှိတဲ့ တစ်စုံတစ်ဦးကြောင့် ယမ်းစင် တစ်ခုခုဖြစ်မှာကြောင့်ရယ်လို့လဲ သိခဲ့ရပြန်ပါတယ်။ အဲဒီစည်းကမ်းကြောင့် စည်းဝင်းအတွင်းရောက်နေတဲ့ ကျွန်မ .. ငါလဲ ဒီစည်းထဲက ထွက်ရမှာလားလို့ သူငယ်ချင်းတွေကို လှမ်းမေးမိလိုက်ပါသေးတယ်.. တော်သေးတာပေါ့.. အမက ကျွန်တော် တို့အဖွဲ့လေ.. ဘာလို့ထွက်ရမှာလဲဆိုတဲ့ အသံကြောင့် တောင်ပေါ်သူ မဟုတ်တဲ့ ကျွန်မရဲ့ ရင်ကို ချမ်းမြေ့စေတဲ့၊ အဖွဲ့နဲ့ တစ်သားတည်းဆိုတဲ့ စိတ်ကို ဖြစ်စေခဲ့တယ်။

အဟောက်ရွာလေးဆီသို့ အလည်တစ်ခေါက် (အပိုင်း-၂)
ဖြစ်ချင်တော့… အဲဒီနေ့တွေက အဟောက်ရွာလေးထဲမှာ ရှင်လောင်းပြုအလှူပွဲလေး
တစ်ခု ရှိလို့ နေပါသေးတယ်။ ထိုပွဲလေးကြောင့်.. အဟောက်ရွာလေးမှာ
မီးခိုးတိတ်ခဲ့တာ.. ၃၊ ၄ ရက်လောက် ရှိနေပြီ ဆိုတာလည်း သိရှိခဲ့ရပါတယ်။
ကျွန်မတို့အဖွဲ့လည်း.. ထိုအလှူလေးက ကျွေးတဲ့ ထမင်း၊ ဟင်းကို ၂ ရက်လောက်
စားခဲ့ကြသေးတယ်လေ။ ရန်ကုန်သူဖြစ်တဲ့ ကျွန်မအတွက် ထိုသို့ ၄၊ ၅ရက်လောက်
တစ်ရွာလုံးကို မီးခိုးတိတ် အလှူ ပေးတာမျိုး မမြင်ဖူးခဲ့ပေ.. နေ့စဉ်၊
ညတိုင်း ကျွေးမွေးနေတဲ့အပြင် တစ်နေကုန် သီကြွေးနေတဲ့ အလှူပွဲရဲ့
ဂီတဖျော်ဖြေပွဲ မဏ္ဍပ်ကိုလဲ သတိပြုမိစရာ တွေ့ခဲ့ရပါတယ်။ ထူးထူးခြားခြားကတော့
ရှင်လောင်းလှည့် မတိုင်ခင်ညကပါပဲ။ ရွာတွေ၊ ရွာတွေက ရှာထားတဲ့
မြင်းဖြူကလေးများကို က ခိုင်းတဲ့ပွဲပါပဲ။ ဖျော်ဖြေပွဲစင် က
သီချင်းမျိုးစုံဖွင့်ပြီး.. မြင်းဖြူကလေးများကို က ခိုင်းတာဟာလဲ
ထူးထူးခြားခြားပွဲတစ်ခု ဖြစ်လို့နေပါတယ်။ ဒါပေမဲ့လည်း.. မြင်းကလေးတွေ က
နေတာကို ကြည့်ကောင်း နေပေမဲ့ ကျွန်မတို့သူငယ်ချင်းတွေရဲ့ စိတ်ထဲ မှာတော့..
အရိုက်အနှက် ခံပြီး ကနေရတဲ့ သူတို့လေးတွေကို သနားက မတရားဘူးလို့..
မှတ်ယူမိခဲ့တယ်။ အဲဒါကြောင့်လည်း ကြာကြာ မကြည့်တော့ပဲ.. ပွဲခင်းထဲက
ထွက်လာခဲ့ကြပါတော့တယ်။
နောက်တစ်နေ့မနက်မှာတော့.. ရွာထဲက ရှင်လောင်းလှည့်ပွဲလေး စတင်ပါတော့တယ်။

နောက်တစ်နေ့မနက်မှာတော့.. ရွာထဲက ရှင်လောင်းလှည့်ပွဲလေး စတင်ပါတော့တယ်။

အဟောက်ရွာလေးဆီသို့ အလည်တစ်ခေါက် (အပိုင်း-၁)
ခုတလော အပျင်းထူနေတာနဲ့ စာမရေးဖြစ်တာ တော်တော်ကြာနေပြီလို့ ပြောရင်
တကယ့်စာရေးဆရာကြီးတွေက လာထုရိုက်မလားမသိဘူး။ မတောက်တခေါက် စိတ်ထဲရှိရာတွေ
လျှောက်ရေး.. အစီအစဉ်မကျ.. ဌာန်ကရိုဏ်းကလွဲ .. အဲလိုနဲ့
လျှောက်ရေးချင်ရာတွေ လျှောက်ရေးတတ်တဲ့ ကျွန်မ.. အခုလဲ ခရီးလေးတစ်ခု
သွားဖြစ်ပါတယ်။ အတူသွားဖော်သူငယ်ချင်းတစ်ယောက်က စာရေးဆရာမကြီး..
ဒီတစ်ခါရော.. ဒီခရီးအတွက် လျှောက်ရေးဦးမှာလား မေးတဲ့အတွက်..
ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာတွေ မေ့ပြီး.. တတ်ထားတဲ့ ကပေါက်တိကပေါက်ချာ
ပညာရပ်လေးနဲ့.. ရှိသမျှဥာဏ်ကလေး လျှောက်သုံးပြီး လူအမြင်ကတ်အောင်
စာလေးတစ်ပုဒ်တော့ ရေးဦးမှပါလို့.. တွေးလိုက်မိတယ်။ ခရီးသွားအဟာရလို့
ဆိုချင်ဆိုပါစေ။ ဘာပဲပြောပြော ကိုယ့်အတွက်အမှတ်ရစရာ
ဒီပျော်ရွှင်စရာခရီးလေးကို နောင်ဘယ်တော့မှ မမေ့နိုင်အောင် မှတ်တမ်းတင်ပြီး
ရေးလိုက်မိပါပြီ။
“အတိတ်ကာလဆီက သင်္ကြန်များသို့ အလည်တစ်ခေါက်”
♫♫ အချိန်တန် ဂိန်မာန် နွေဦးဝယ်
♫ မသွေအမှန် တောင်ပြန်လေမြူးတယ်
♫ အချိန်ခါဝေဆာ ပွင့်အလာထူးတဲ့
♫ အို ... ပိတောက်ဦး ရယ် ♫♫
စာရေးမယ်ဆိုပြီး စာကြည့်စားပွဲမှာ ထိုင်တွေးငေးနေတဲ့ ကိုယ်တစ်ယောက် အိမ်ရှေ့လမ်းမထက်ဆီက ဖြတ်သွားသော ထီကားမှ ပျံ့လွင့်လာတဲ့ သီချင်းသံကြောင့် ဘာလိုလိုနဲ့ သင်္ကြန်ရောက်ခါနီးပါရောလားလို့ သတိပြုမိခဲ့တယ်.. အဲဒါနဲ့ပဲ ရေးလက်စ စာကို ခဏရပ်ပြီး မကြာခင် ရောက်လာတော့မယ့် သင်္ကြန်ကာလလေးကို ကြိုတွေးမိသလို ကျန်ရှိခဲ့တဲ့ အတိတ်က သင်္ကြန်တွေကို ပြန်လည်ခံစားလို့ နေခဲ့ရပြန်ပါပြီ..

ချစ်ပျိုးရေ..
ဒီနေ့ ငါတို့မြို့မှာ သင်္ကြန်အကြို ပိတောက်ပန်းတွေ ပွင့်တယ်။
အရမ်းလှတာပဲ။ တမြို့လုံးအနှံ့ ဝါထိန်နေတာပဲဟ။ တွေ့သမျှ မိန်းကလေးတိုင်းရဲ့
လက်ထဲမှာလဲ ပိတောက်ပန်းတွေ ဝေလို့ပေါ့။အနံ့စူးပြီး ခဏနဲ့ ကြွေတတ်တဲ့
ပန်းမို့ ပိတောက် မကြိုက်တဲ့ ငါတောင် သဘောကျလာပါရောလားဟ။ ရုံးဖယ်ရီပေါ်မှာလဲ
ပိတောက်ပန်းတွေ ဝေလို့ရယ်လေ။ ငါ့သူငယ်ချင်းတွေရဲ့ လက်ထဲမှာတွေလဲ
အပြည့်ပဲလေ။ ဒီနေ့တော့ ငါတို့မြို့ကြီး ဝါရွှေလူးတယ်ဆိုတာ အမှန်ပဲဟာ။
ပိတောက်ပန်းလေးတွေနဲ့ လှနေတဲ့သူတွေမှ တပုံတပင်ရယ်ပေါ့။ ကြွားချင်ပါ့အေ။
ရှင်တို့နေနေတဲ့ တိုင်းတပါးမှာ ငါတို့ဆီမှာလို ပိတောက်ပန်းတွေ ရှိရဲ့လားကွ။
ဟဲဟဲ.. ရှိမယ် မထင်ဘူးနော်။ ပိတောက်နဲ့ မြန်မာခွဲခြားမရဘူးဆိုတာ စာတွေ
ရေးရေးနေတဲ့ ရှင်လဲ သိမှာပေါ့နော။ ပိတောက်ပန်းတွေ ကြည့်ရင်း ငါလေ..
သင်္ကြန်ကာလာ ရောက်တော့မယ်လို့ စဉ်းစားရင်း ပျော်တောင် ပျော်မိသေးတယ်အေ။
ဒီနှစ်တော့ ထူးထူးခြားခြားပဲဟ။ သင်္ကြန်နဲ့ပိတောက် တိုက်ဆိုင်တယ် ဆိုရမှာပဲ။ ရှေ့နှစ်တော်တော်များများက သင်္ကြန်နဲ့ ပိတောက် လွဲနေတတ်တာလေ။ ခုတော့ သင်္ကြန်မကျခင်လေးတင် ပိတောက်တွေ ဝေနေအောင် ပွင့်ပါရောလား .. ပျိုးရေ။ ရှင်.. အဲဒီကို ရောက်တာ ဘယ်လောက်ကြာပြီလဲ ငါ မသိပေမဲ့ ငါတို့ မြန်မာပြည်ရဲ့ သင်္ကြန်ကိုတော့ မြင်စေချင်စမ်းပါဘိဟာ။ ပိတောက်ပန်းတွေ ဝေနေတဲ့ ဒီနှစ်ဦးက ငါတို့ ပြည်သူပြည်သားတွေအတွက် လာခြင်းကောင်းမယ့် နမိတ်များရယ်လားဟယ်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ငါတို့သင်္ကြန်က ပျော်စရာကောင်းတယ်ဆိုတာ မြန်မာလူမျိုးဖြစ်တဲ့ ရှင်လဲ သိမှာပါ။

ပြုပြင်စေချင်တယ်..
ဟိုတစ်နေ့က ဖေ့ဘုတ်ကနေ
ပို့စ်တစ်ခု ဖတ်လိုက်ရတယ်.. ငယ်ငယ်တုန်းက စာသင်ကျောင်းအကြောင်း
ရေးထားတာပါ.. သူ့ထဲမှာတော့ သူသင်ခဲ့ရတဲ့ စာသင်ကျောင်းရယ်၊ တချို့ တချို့သော
အဖြစ်အပျက်လေးတွေရယ်ကို ရေးတင်ပြထားတာပါ.. အဲဒါကို ဖတ်ပြီး ဘာကို
သွားသတိရလဲဆိုတော့ အထက်တန်း (ပြောရရင်တော့ ၁၀ တန်း)တုန်းက
အဖြစ်အပျက်တစ်ခုကို သွားသတိရလိုက်တယ်..
ကျွန်မ ဆယ်တန်းတုန်းက ကျွန်မနေတဲ့ မြို့နယ်လေးက ကျောင်းတစ်ကျောင်းမှာ တက်ရတာပါ.. သူများတွေလို နာမည်ကြီးကျောင်းတွေမှာ မတက်ခဲ့ရပါဘူး.. ဒါပေမဲ့ ကျွန်မတို့ကျောင်းက စာတော်တဲ့ကျောင်းသား တော်တော်များများ ရှိပါတယ်.. ဒါပေမဲ့ ကျွန်မတို့လက်ထက်က ဆရာ၊ဆရာမဆိုတာက မြန်မာပြည်ရဲ့ ထုံးစံအတိုင်း ကျောင်းမှာ ဘုရင်ပါ.. ဆရာ၊ ဆရာမ ပြောတဲ့စကားဆို မှားမှားမှန်မှန် ဘယ်ကျောင်းသားမှ ငြင်းခွင့်မရှိ လက်ခံရတာပါ.. ဘာမှ စောဒက တက်ခွင့် မရှိပါဘူး.. အခု တင်တဲ့ ပို့စ်က ဆရာ၊ ဆရာမတွေကို စော်ကားချင်တဲ့ရည်ရွယ်ချက်နဲ့ တင်တာ မဟုတ်ပါဘူး.. ပညာရေးမှာ ပြောင်းလဲစေချင်တဲ့ တစ်ခုသော အမြင်လေးကို တင်ပြချင်တာပါ..

Subscribe to:
Posts (Atom)