ဟိုတစ်နေ့က ဖေ့ဘုတ်ကနေ
ပို့စ်တစ်ခု ဖတ်လိုက်ရတယ်.. ငယ်ငယ်တုန်းက စာသင်ကျောင်းအကြောင်း
ရေးထားတာပါ.. သူ့ထဲမှာတော့ သူသင်ခဲ့ရတဲ့ စာသင်ကျောင်းရယ်၊ တချို့ တချို့သော
အဖြစ်အပျက်လေးတွေရယ်ကို ရေးတင်ပြထားတာပါ.. အဲဒါကို ဖတ်ပြီး ဘာကို
သွားသတိရလဲဆိုတော့ အထက်တန်း (ပြောရရင်တော့ ၁၀ တန်း)တုန်းက
အဖြစ်အပျက်တစ်ခုကို သွားသတိရလိုက်တယ်..
ကျွန်မ ဆယ်တန်းတုန်းက ကျွန်မနေတဲ့ မြို့နယ်လေးက ကျောင်းတစ်ကျောင်းမှာ တက်ရတာပါ.. သူများတွေလို နာမည်ကြီးကျောင်းတွေမှာ မတက်ခဲ့ရပါဘူး.. ဒါပေမဲ့ ကျွန်မတို့ကျောင်းက စာတော်တဲ့ကျောင်းသား တော်တော်များများ ရှိပါတယ်.. ဒါပေမဲ့ ကျွန်မတို့လက်ထက်က ဆရာ၊ဆရာမဆိုတာက မြန်မာပြည်ရဲ့ ထုံးစံအတိုင်း ကျောင်းမှာ ဘုရင်ပါ.. ဆရာ၊ ဆရာမ ပြောတဲ့စကားဆို မှားမှားမှန်မှန် ဘယ်ကျောင်းသားမှ ငြင်းခွင့်မရှိ လက်ခံရတာပါ.. ဘာမှ စောဒက တက်ခွင့် မရှိပါဘူး.. အခု တင်တဲ့ ပို့စ်က ဆရာ၊ ဆရာမတွေကို စော်ကားချင်တဲ့ရည်ရွယ်ချက်နဲ့ တင်တာ မဟုတ်ပါဘူး.. ပညာရေးမှာ ပြောင်းလဲစေချင်တဲ့ တစ်ခုသော အမြင်လေးကို တင်ပြချင်တာပါ..
ထားပါတော့.. ဆက်ပြောပါ့မယ်.. ကျွန်မတို့ အတန်းထဲမှာ ကောင်လေးတစ်ချို့ စာအရမ်းတော်ကြပါတယ်.. နဂိုကလဲ တော်ရတဲ့အထဲ ဆယ်တန်းဆိုတဲ့ အတန်းကြောင့် အပြင် ကျူရှင်တွေ ဘာတွေယူလို့ အတန်းစာကို ကျောင်းမှာ သင်တာထက်ကို ပိုရနေကြတာ ဆယ်တန်းကျောင်းသားတွေရဲ့ သဘာဝတစ်ခုပါ.. တစ်နေ့ ကျောင်းအတန်းထဲမှာ ကျောင်းက သင်္ချာဆရာမက ဓမ္မဓိဌာန် မေးခွန်းတွေ ဖြေခိုင်းပါတယ်.. အဲဒီ သချာင်္ဆရာမက အရမ်းကို ဆိုးတဲ့ ဆရာမတစ်ယောက်အဖြစ်၊ အရမ်း လက်သံပြောင်တဲ့ ဆရာမတစ်ယောက်အဖြစ်၊ အရမ်းပါးစပ်ကြမ်းတဲ့ ဆရာမအဖြစ် ကျောင်းမှာ ထင်ရှားပါတယ်..
အဲဒီဆရာမက အတန်းထဲမှာ ဓမ္မဓိဌာန်တွေ ဖြေခိုင်းပါတယ်.. အတန်းထဲမှာ အတော်ဆုံးကောင်လေးတစ်ယောက်ရှိပါတယ်.. အဲ့ကောင်လေးကလဲ နှစ်တိုင်း အတန်းထဲမှာ ဆုယူနေကြပါ.. သူတော်တယ်ဆိုပြီးတော့လဲ နည်းနည်းတော့ ဘဝင်မြောက်နေတဲ့သူတစ်ဦးပါ.. ဒီဆရာမနဲ့ ဒီနှစ်မှ သင်ဖူးလို့ အကြောတွေ မသိကြသေးပါဘူး.. အဲဒီနေ့က စာမေးတော့.. ဘာမေးမှန်းတော့ ကျွန်မ သေချာမမှတ်မိတော့ပါဘူး.. ဒါပေမဲ့ ထ ဖြေတာက အဲ့ကောင်လေးပါ.. ကောင်လေးအဖြေက မှန်ပါတယ်.. အတန်းထဲက ကျောင်းသူ၊ ကျောင်းသားတွေလဲ ကောင်လေးအဖြေ မှန်တာကို သိပါတယ်.. ဒါပေမဲ့ ဆရာမက ဘယ်လို ဘယ်လို တွက်တယ် မသိပါဘူး.. ဆရာမ အဖြေမှားပါတယ်.. ဒါပေမဲ့ အဲ့ဆရာမက သူ့အဖြေမှားတာကို လက်မခံပါဘူး.. ဆရာမမို့ .. သူ့အဖြေမမှားပါဘူးတဲ့.. အဲ့ကောင်လေးလဲ .. သူဘယ်လို တွက်လို့ ဒီလိုအဖြေရတယ်ဆိုတာကို ကျေလည်အောင် ရှင်းပြပါတယ်.. ကျောက်သင်ပုန်းရှေ့ထွက်ပြီး တွက်ပြပါတယ်.. ဒါပေမဲ့ ဆရာမက ဘယ်လိုမှ လက်မခံပါဘူး..
နောက်ဆုံး ဘယ်လောက်တောင် ဖြစ်လာလဲဆိုတော့.. နင် ငါ့ကို ကျောင်းသားတွေရှေ့ စော်ကားတာလား.. ဘာညာနဲ့ အဲ့ဆရာမဆီက အဲလို လေသံတွေ ထွက်လာပါတော့တယ်.. ဘယ်လိုမှကို ရှင်းပြလို့ မရတော့ပါဘူး.. လူကြားထဲမှာ၊ ကျောင်းသားတွေကြားထဲမှာ၊ ဆရာ၊ ဆရာမတွေကြားထဲမှာ စာအရမ်းတော်တဲ့ အဲ့ကောင်လေး မိုက်ရိုင်းတဲ့ကလေးလို့ နာမည်အတပ်ခံလိုက်ရပါတယ်..
ကောင်လေးလဲ တော်တော်လေးကို စိတ်ဆိုးသွားပါတယ်.. နောက်ပိုင်းတွေ ဘာစာမေးမေး.. ဘယ်ဘာသာဖြေရ ဖြေရ .. အမှတ်အနည်းဆုံးရအောင်ပဲ ဖြေပါတော့တယ်.. အတန်းထဲမှာ စာမေးရင်လဲ ဘယ်တော့မှ စာရတဲ့ အဖွဲ့ထဲ မနေတော့ပါဘူး.. သူ စာကြိုးစားတာ ဘယ်သူ့ကိုမှ မသိစေတော့ပါဘူး..
ဒါပေမဲ့ ကုသိုလ်ကံက နောက်တဖန် ပြန်လာပါလေတယ်ဗျ.. အဲဒီတုန်းက ထူးချွန်စာမေးပွဲတွေ စ ခေတ်စားတဲ့ ကာလပေါ့.. ကျောင်းမှာ ဝင်ပြိုင်တဲ့ကျောင်းသားတွေ အများကြီးပေမဲ့ အဲ့ကောင်လေး ဝင်မပြိုင်ပါဘူး.. ဒါပေမဲ့.. အရင်နှစ်တွေက ဆရာ၊ ဆရာမတွေရဲ့ ပြောတာတွေကြောင့်.. အတင်းတောင်းဆိုတာတွေကြောင့်.. အင်္ဂလိပ်စာနဲ့ သင်္ချာ ဝင်ပြိုင်ဖို့ ဖြစ်လာတယ်.. ဒါပေမဲ့ အဲ့ဆရာမနဲ့လဲ အကြောတော့ မတည့်ပါဘူး.. ဒါပေမဲ့ အကုန်လုံးက ဝင်ပြိုင်ပါဆိုလို့.. အဲ့ကောင်လေး ဝင်ပြိုင်ပါတယ်.. မြို့နယ်၊ ခရိုင် ကနေ တိုင်းအဆင့်ထိ ရောက်ပါတယ်.. ဆုလဲ ရခဲ့ပါတယ်.. ၂ ဘာသာ သွားပြိုင်တာ ၂ ဘာသာလုံးဆုရခဲ့ပါတယ်.. အဲဒီတော့မှပဲ.. အဲ့ဆရာမခမျာ.. သူ့တပည့်.. သူ့တပည့် ဆိုပြီး ဖြစ်ပျက်နေခဲ့တာများဆိုတာ.. ဘယ်ကျောင်းသားမှ မျက်စိထဲ ဝင်မရလောက်အောင် ဖြစ်နေခဲ့ပါတယ်..
အရင်ကတော့ ဒီကောင်လေးကို လုံးဝ ကြည့်မရစွာ.. တွေ့တိုင်း အမြဲ ရန်ရှာ ရန်လုပ်နေတတ်တဲ့ ဒီဆရာမ.. ဒီလိုတွေလဲ ဖြစ်လာရော.. ငါ့သား.. ငါ့သားနဲ့ အလွန်အမင်း ကြည့်မရချင်စရာတွေ ဖြစ်လာပါတော့တယ်.. ပြောချင်တာက.. ဒီလိုပါ.. အခုခေတ် ပညာရေးမှာ ကလေးတွေ တော်တော်များများက အရမ်းကို တော်လာကြပြီး.. စာသင်ပေးတဲ့ ဆရာမတွေက စာအုပ်ကြီး အတိုင်းတွေ ဖြစ်နေတတ်တာရယ်၊ စာမေးပွဲ မေးခွန်းလှည့်လာရင် ကို့ယို့ကားယား ဖြစ်တတ်တာတွေရယ်.. အဆိုးဆုံးကတော့ ငါ ဆရာ၊ ဆရာမဆိုပြီး .. အမှားအမှန် မစဉ်းစားပဲ ငါတကော ကောတတ်တဲ့ အကျင့်တွေရယ်.. ငါ့ကို ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေက ကြောက်ရမယ်ဆိုတဲ့ အတွေးမျိုးတွေ၊ ငါသင်တဲ့ ကျူရှင်မှာမှ မတက်ရင် ဒီကလေးကို နှိပ်ပစ်မယ်ဆိုတဲ့အတွေးတွေ.. အဲလိုအတွေးတွေ ၊ အမူအကျင့်တွေကို အခုခေတ် ဆရာ၊ ဆရာမတွေမှာ တွေ့နေရပါတယ်.. စော်ကားတာ မဟုတ်ပါဘူး.. ဖြစ်သင့်တာလေးတွေကို ပြောပြတာပါ..
ဘယ်လိုပဲ ဖြစ်ဖြစ် ကျောင်းသားနဲ့ ဆရာ အပေးအယူမျှမှ.. ပညာရေးလောက တိုးတက်မယ်လို့ ထင်မိပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့် ကျောင်းက ကျောင်းသား စာတော်တယ်ဆိုရင် ဆရာ၊ ဆရာမဖြစ်တဲ့ ကိုယ်က ဂုဏ်တက်ပြီးသားပါ.. အဲလိုတွေ တွေးပြီး ကျောင်းသား၊ ကျောင်းသူတွေအတွက် တစ်ချက်လေးတော့ စဉ်းစားပေးစေချင်ပါတယ်.. သမားဂုဏ်၊ ဆရာဂုဏ်ကို မလေးစားတာ မဟုတ်ပါဘူး.. ကလေးတွေ ပညာရေးအတွက် ရှေးရှုပြီး ပြင်သင့်တာပြင်၊ ဖြစ်သင့်တာ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပို့စ်လေးကိ တင်မိတာပါ.. ဘယ်ကျောင်းသားမဆို ကိုယ့်ဆရာ၊ ဆရာမကို ရိုသေလေးစားပြီးသားပါ.. အဲဒါကြောင့် ဖြစ်နိုင်ရင် ငါ ဘာဆိုတဲ့ စိတ်ကို စွန့်ပြီး.. ကျောင်းသား၊ ကျောင်းသူများအပေါ် နားလည်စေချင်ပါတယ်.. အမှားပါရင် ခွင့်လွှတ်ပါလို့ တောင်းပန်ချင်ပါတယ်.. ကျေးဇူးတင်ပါတယ်..

No comments:
Post a Comment