Pages

Sunday 29 April 2012

အိုဘယ့်... လျှပ်စစ်မီး

တောက်..
ပျက်ပြန်ပြီ ဒီ$မီး
စာရေးကောင်းနေပါတယ်ဆိုမှ
မြည်လာတဲ့ UPS က အသံ

ကိုင်း..
ကွန်ပျူတာကို ထ ပိတ်
အပျင်းပြေ
သတင်းစာကို ကောက်ကိုင်

ဟမ်..
ဘာကြီးလဲ
နွေရာသီ ရေရှားလို့

အချိန်ပိုင်းပေးမယ့် မီးသတင်း
ခေါင်းကြီးပိုင်းမှာ အထင်ရယ်တဲ့အရှား

ဆဲ..
သေလိုက်ဟလို့
အကြိမ်ကြိမ် အခါခါ ရွတ်ဆဲရင်း
ဘာလဲဟ ဒီမိုကရေစီ ရတာ

ဒီမိုကရေစီ ရလဲ ပျက်တဲ့ ဒီမီး
ဒီမိုကရေစီ မရလဲ ပျက်တဲ့ ဒီမီး
ဘယ်မလဲ မီဂ္ဂါစီးတီး ဖြစ်ဖို့ ရည်ရွယ်ချက်
ဘယ်မလဲ စင်ကာပူမြို့ကြီး ကျော်လွန်စေမယ့် ရည်ရွယ်ချက်

သွား.
ပြန်သွားမယ်အင်းဝ၊ ပင်းယ၊ ကုန်းဘောင်ခေတ်တွေဆီ
လျှပ်စစ်မီး မလိုဘူး၊ တီဗီ မလိုဘူး
ကွန်ပျူတာ မလိုဘူး၊ အင်တာနက် မလိုဘူး

ဇီးသီးသယ် မဗျိုင်း ဂျွန်စောကို မသိဘူး
ဆံထုံးတော်ကြီးတမာသီးနဲ့ ရေသည်မိန်းမ ချန်ဂင်ကို မသိဘူး
ကုဋေ ၈၀ သူဌေးသား DOTA မခုတ်တတ်ဘူး
ပြန်လှည့်တောင် သွားချင်စမ်းပါဘိ

ဒါနဲ့များတောင်
ပိန်းလွန်းတဲ့ ငါ့အတွေး
အင်တာနက်ကို ဝိုင်ဖိုင်စနစ် ဘယ်တော့ ပေးမလဲရယ်တဲ့

အမယ်မင်း..
ဝိုင်ဖိုင်ဖို့ မပြောနဲ့
ခုခေတ်များ
လျှပ်စစ်မီးတောင်
အနိုင်နိုင်တဲ့အရပ်ကတို့ရေ....

No comments:

Post a Comment