Pages

Sunday 29 April 2012

မုန်းမရတဲ့ အချစ်..

ကိုကို့ကို ချစ်တယ်..
ကိုကို့ကို မုန်းတယ်..
ကိုကို့ကို..
ကိုကို့ကို...
ကိုကိုတဲ့ .. ကျမရင်ထဲက လှိုက်လှိုက်လှဲလှဲခေါ်တဲ့ အမည်လေးတစ်ခုပေါ့.. မထင်မှတ်ခဲ့ပါဘူး ကိုကို.. အသံလေးကြားရုံနဲ့ချစ်သွားလိမ့်မယ်လို့ မထင်မှတ်ခဲ့မိပါဘူး... ကိုကိုနဲ့ကျမ လူချင်း မတွေ့ဖူးကြဘူးနော်.. ဒါပေမဲ့လေ.. လူချင်းတွေ့တာထက်ကို ပိုမြဲတဲ့ သံယောဇဉ်တွေ ကျမဆီမှာရှိတယ်ဆိုတာ ကိုကိုမမြင်ဘူးလားဟင်.. ကိုကိုနဲ့ကျမ ကတိတွေထားခဲ့ကြတယ်.. လူချင်းမမြင်ဖူးပဲ ချစ်တဲ့အချစ်မို့ ယုံကြည်ချက်တွေ ခိုင်မြဲအောင် မနည်းတည်ဆောက်ထားရတဲ့ကြားထဲက ကိုကို လုပ်ရက်တယ်.. သတိရမိတယ် ကိုကိုနဲ့ကျမ စသိတဲ့အချိန်လေးတွေကို..

ကျမ ကတော့ ခေတ်လူငယ်ပီပီ အွန်လိုင်းဆိုတာကြီးမှာ ပျော်မွေ့နေကျလေ.. မိန်းကလေးတစ်ယောက်ဖြစ်တဲ့အပြင် ကျမအမည်နဲ့ လုပ်ထားတဲ့ ဂျီမေးလ်အကောင့်ကြောင့် ကျမဆီလာအက်သမျှ တော်တော်များများဟာ ယောကျာ်းလေးတွေချည်းပဲ ဖြစ်လို့နေတာ မထူးဆန်းတဲ့သဘာဝတစ်ခုပါပဲကိုကို.. အဲဒီအထဲမှာ ကိုကိုနဲ့ဆုံဆည်းရအောင် ကံကြမ္မာဖန်လာမယ့် သူငယ်ချင်းတွေ ပါလာလိမ့်မယ်လို့ လုံးဝကို မထင်ထားခဲ့မိဘူးလေ.. ဒါပေမဲ့ တန်ဖိုးရှိလောက်အောင် သူငယ်ချင်းတစ်ယောက်နဲ့ စတင်သိကျွမ်းခင်မင်ခဲ့တယ်..
သူကနေတစ်ဆင့်ပဲ ကျမ သူ့ရဲ့ဖေ့ဘုတ်ချက်ရွမ်းလေးထဲရောက်လာခဲ့တယ်.. အဲဒီချက်ရွမ်းလေးထဲမှာမှ ကျမနဲ့ မတိမ်းမယိမ်း အသက်လောက်ရှိတဲ့ နောက်ထပ်သူငယ်ချင်းတစ်ယောက်နဲ့ထပ်ခင်မင်ခဲ့ရတယ်.. အသက်ချင်းသိပ်မကွာသလို .. ကျမ ပေါင်းသင်းခင်မင်တတ်သလို ခင်မင်ရင်းနဲ့ တကယ့်ကို အရောင်မပါတဲ့ ခင်မင်မှုမျိုးနဲ့ ထိုသူငယ်ချင်းကို ထပ်ခင်မင်ခဲ့ရတယ်...

 ဒီလောက်နဲ့ဆိုလဲ ကိုကိုနဲ့ကျမ ထပ်တွေ့နိုင်မယ် မထင်ခဲ့ဘူးနော်.. မထင်မှတ်တဲ့ ကံကြမ္မာကြောင့်လား.. အရင်ဘ၀က ကိုကို့အပေါ်ကျန်ရှိနေတဲ့ ၀ဋ်ကျွေးကြောင့်လား ကိုကိုရယ်.. ကျမအကိုအရင်းရဲ့မင်္ဂလာဆောင်က ဖြစ်ချင်တော့ ကိုကိုတို့ မြို့နားက မြို့တစ်မြို့မှာဖြစ်နေခဲ့တယ်.. ကျမရဲ့တန်ဖိုးရှိတဲ့သူငယ်ချင်းရယ်.. ချက်ရွမ်းလေးထဲက သူငယ်ချင်းရယ်.. ကိုကိုရယ်က တစ်မြို့ထဲသားချင်းတွေ ဖြစ်နေခဲ့တာလဲ ကျမအတွက်တော့ ကံစေစားရာတစ်ခုထင်ပါရဲ့.. အရမ်းခင်တဲ့ အွန်လိုင်းသူငယ်ချင်းတွေဖြစ်သလို.. သူတို့ နယ်ဘက်ကို သွားလည်ရမှာဖြစ်လို့ သူတို့ကို တွေ့ချင်စိတ် .. ကျမရောက်ရှိနေတယ်ဆိုတာ အသိပေးချင်စိတ်တွေကြောင့်.. ကျမရဲ့ဖုန်းနံပါတ်ကို ပေးမိခဲ့တယ်.. အဲဒီက စတဲ့ ပြဿနာထင်ပါရဲ့ကိုကိုရယ်.. ခုချိန်မှာ ဘယ်လိုခံစားရ ခံစားရ .. ကိုကိုနဲ့ သိကျွမ်းခဲ့တယ်ဆိုတဲ့ အရာကလေးတစ်ခုကိုတော့ ကျမ အရမ်းမြတ်နိုးမိတယ်ကိုကိုရယ်... တန်ဖိုးထားရတဲ့ ကျမရဲ့သူငယ်ချင်းလေး "A" ကတော့ သူ့ဖုန်းနံပါတ်လေး ပေးထားလို့ ကျမသွားရမယ့် မြို့လေးကိုရောက်တယ်ဆိုရင်ပဲ ကျမ  "A" ဆီ ဖုန်းခေါ်ပြီး ကျမရောက်ပြီဆိုတာ လှမ်းပြောမိတယ်လေ.. ဒါပေမဲ့ ရွယ်တူလိုဖြစ်နေတဲ့ ကျမသူငယ်ချင်း နောက်တစ်ယောက်ကတော့ ကျမကို ဖုန်းနံပါတ်လဲ မပေးထားလေတော့ သူ့ဆီကို ရောက်ပြီဆိုတဲ့အကြောင်း အသိမပေးဖြစ်ခဲ့ဘူး..

ဒါပေမဲ့ အွန်လိုင်းစွဲတဲ့ကျမ .. ခရီးသွားနေတဲ့အတောအတွင်းလေးထဲမှာတောင် .. အင်တာနက်ဆိုင်ကို အလုအယက်ထိုင်မိရင်း ထိုသူငယ်ချင်းကို မေးလ် လှမ်းပို့မိတယ်လေ.. ငါရောက်နေပြီလို့.. အဲဒီလို ပို့ပြီး မကြာပါဘူး.. အဲဒီည ၁၀း၀၀ နာရီလောက်မှာ ကျမဖုန်းဆီ မတ်ဆေ့ဖ် တစ်စောင်ရောက်လာခဲ့တယ်.. ကျမရဲ့အဲဒီချစ်သူငယ်ချင်း  "B" ကပေါ့.. ဘယ်နေ့ကရောက်လဲ.. ဘယ်အချိန်ကရောက်လဲဆိုတဲ့ မေးခွန်းတွေနဲ့ မတ်ဆေ့ဖ်ကို မဖြေနိုင်လောက်အောင်ကိုပဲ အဲဒီနေ့က ကျမ အရမ်းပင်ပန်းလွန်းလို့ စောစောအိပ်ပျော်သွားခဲ့တယ်လေ.. တရေးနိုးလာတဲ့အချိန်.. ဘာရယ်မဟုတ်.. ဘေးနားချထားတဲ့ ကျမဟန်းဖုန်းကို ယူပြီး နာရီကိုကြည့်မိတယ်ဆိုရင်ပဲ .. မတ်ဆေ့ဖ်လေးတစ်စောင် တွေ့မိတယ်.. မမြင်ဖူးတဲ့ဖုန်းနံပါတ်ပေမဲ့.. ကေပိုး . နင်ဘယ်အချိန်ရောက်လဲ.. ငါ "B" ပါဆိုတဲ့ မတ်ဆေ့ဖ်လေးတစ်စောင်က ကျမကို ပျော်ရွှင်မှုတစ်ခုတော့ ရရှိစေခဲ့တယ်..

အဲဒီက စတာပေါ့.. ကိုကိုနဲ့ဆုံဆည်းစေဖို့လေ.. အဲဒီမတ်ဆေ့ဖ်လေးကို ပျော်ရွှင်စွာနဲ့ ဘာမှ မစဉ်းစားနိုင်ပဲ ကျမ သိသိချင်း မတ်ဆေ့ဖ် ပြန်ပို့မိတယ်.. ပို့ပြီးမှ ဘာစဉ်းစားမိလဲဆိုတော့ ငါပို့မိတာ မနက် ၅း၀၀ နာရီလောက်တောင် မရှိသေးပါရောလားလို့လေ.. ဒီလောက်လေးပဲ စဉ်းစားမိတဲ့ ကျမ .. ဟိုတစ်ဖက်က သူငယ်ချင်း မတ်ဆေ့ဖ် ပြန်မပို့လာတာကိုပဲ.. သူအိပ်ပျော်နေတယ်လို့ သတ်မှတ်လိုက်မိသေးတယ်လေ.. ဒါပေမဲ့လေ.. နောက်နေ့တွေမှာ ဖုန်းမတ်ဆေ့ဖ်တွေပို့ကြရင်း.. ဖုန်းပိုင်ရှင်ဟာ ကျမခင်တဲ့သူငယ်ချင်း "B" မဟုတ်ပဲ.. သူ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တယ်ဆိုတာ သိလိုက်ရတယ်လေ.. ဒီလိုနဲ့ ကျမ မပြန်ခင်အထိ ကျမသူငယ်ချင်း"B" က သူ့သူငယ်ချင်းဖုန်းကို အသုံးပြုရင်း ကျမတို့ ပိုမိုခင်မင်ခဲ့ရသလို.. "B" ရဲ့သူငယ်ချင်းဆိုသူနဲ့လဲ ရင်းနှီးခဲ့ရတယ်.. ဒီလိုနဲ့ တဖြေးဖြေး "B" ထက်ကို ပိုမိုပြီး ဖုန်းပိုင်ရှင် သူငယ်ချင်းနဲ့ ဖုန်းပြောရင်း၊ မတ်ဆေ့ဖ်တွေ ပို့ရင်း ပိုမိုရင်းနှီးလာခဲ့တယ်.. တဖြေးဖြေး ပိုမို နှောင်တွယ်လာတယ်.. တွယ်တာလာခဲ့တယ်.. ဒီလိုနဲ့ သူ့အမည် " ဖြိုး"ဆိုတာကို စတင်သိကျွမ်းလာခဲ့တယ်.. အမည်ထက်ကို သူ့ရဲ့စကားပြောဟန်လေးတွေကို နှစ်ခြိုက်လာခဲ့တယ်.. သူ့စကားလုံးတွေထဲမှာ ပျော်ဝင်လာခဲ့တယ်..

တဖြေးဖြေးနဲ့ ကျမတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မခွဲနိုင်လောက်အောင်ပဲ တစ်နေ့ ၃ ၄ နာရီလောက်မှ ဖုန်းမပြောရရင် မနေနိုင်လောက်အောင် ဖြစ်လာခဲ့ကြတယ်.. ဒီလိုနဲ့ သိပ်မကြာပါဘူး.. သူက အချိန်လေးနည်းနည်းလောက် စောင့်ဆိုင်းနေပေမဲ့လည်း.. ဖြစ်ပေါ်လာတဲ့ ကျမရဲ့စိတ်သဘောအတိုင်း ကျမနှင့်သူ တဖြေးဖြေး ခင်မင်သူငယ်ချင်းကနေ ချစ်သူတွေအဆင့်ကို ရောက်လာကြတယ်လေ.. တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာရက်တွေထဲကကို.. သူရဲ့ အစအနောက်သန်လွန်းတဲ့အကျင့်ကြောင့် ကျမတို့ ခဏ ခဏ ပြဿနာတွေတက်၊ ရန်တွေဖြစ်၊ ကောက်လိုက်ကြ၊ ပြေလိုက်ကြနဲ့ ပျော်စရာလည်းကောင်းသလို စိတ်ပျက်စရာတွေလဲ ကောင်းခဲ့တယ်.. အဲဒီလိုဘ၀လေးကိုလဲ ကျမ နှစ်ခြိုက်ကျေနပ်မိလာတယ်.. ကျမတို့ ခဏ ခဏ ရန်ဖြစ်နေကြပေမဲ့  သူ့ဘက်ကပဲ အမြဲ ပြန်ပြန်ချော့နေလို့.. ကျမ သူ့ကိုပိုပြီး သဘောကျလာတယ်.. ပိုချစ်လာတယ်.. အဲဒီလိုပဲ သူကလဲ ကျမ အမြဲ ငိုရအောင် စနောက်တတ်တယ်လေ.. ကျမက ငိုလိုက် သူကချော့လိုက်နဲ့ နေရတဲ့ဘ၀လေးကို နှစ်သက်လာသလို ကျမ အားကိုးလောက်အောင်ကို ကျမအပေါ် အမြဲ ဂရုစိုက် အလေးထားတတ်တဲ့ သူ့စိတ်ဓာတ်လေးကို ချစ်လာတယ်.. နောက်ပိုင်းမှာတော့ တဖြေးဖြေး သူ့အကြောင်း၊ သူ့ဘ၀အကြောင်း၊ သူ့ငယ်ဘ၀အကြောင်း၊ သူ့မိသားစုအကြောင်း၊ သူ့အိမ်စီးပွားရေးအကြောင်း၊ သူ့ရည်းစားဟောင်းတွေအကြောင်းတွေကို ပြောပြလောက်တဲ့အထိ သူ .. ကျမကို တကယ် ပျော်ဝင်လာခဲ့တယ်လေ..

အဲဒါကလဲ ကျမအထင်ပါ.. အရင်က ကျမလောက်စကားပြောနိုင်တဲ့သူ မရှိဘူးလို့ ထင်ခဲ့ပေမဲ့.. ကိုကိုနဲ့ကျမှပဲ ကျမက နားထောင်သူလုံးလုံးဖြစ်ခဲ့ရတယ်.. အဲလိုနားထောင်ရတာကိုပဲ ကျမလေ.. သဘောကျခဲ့တယ်.. နားမညည်းခဲ့ဘူး.. ကျမကို တကယ်ချစ်လို့ .. တကယ်နှစ်သက်လို့.. တကယ်ရည်ရွယ်လို့ သူ့အကြောင်းတွေ ပြောပြတယ်လို့ သတ်မှတ်သလို.. သူနဲ့ကျမနဲ့ တစ်သားတည်းဖြစ်လာတယ်လို့လဲ ထင်လာမိတယ်.. ထင်လဲ ထင်ရက်စရာဖြစ်လောက်အောင် သူ့မိဘ၊ သူ့မောင်နှမတွေသိလောက်အောင်ကိုပဲ သူ.. ကျမကို ချစ်ပြခဲ့တယ်.. ကျမတို့ နေ့တိုင်းဖုန်းပြောဖြစ်တယ်.. ညတိုင်းဖုန်းပြောဖြစ်တယ်.. ညမအိပ်တမ်းဖုန်းတွေ အကြာကြီးပြောဖြစ်ရလောက်အောင်ကို ကျမတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ပျော်ဝင်လာကြတယ်.. သူ့ဘ၀ အခြေမကျသေးလို့ နှစ်နှစ်လောက်စောင့်ပေးပါဆိုတာကိုလဲ ကျမ ကြည်ဖြူစွာ လက်ခံနိုင်ခဲ့တယ်.. ဘာဖြစ်လို့လဲဆိုတော့ ကျမ ..သူ့အပေါ် နစ်မြောပျော်ဝင်နေခဲ့ပြီမို့လို့ပဲလေ.. ကျမ ..သူ့ကိုချစ်တယ်.. ချစ်တာမှ သူဘာတွေဖြစ်နေဖြစ်နေ ကြည်ဖြူမယ် .. လက်ခံမယ်ဆိုတဲ့စိတ် ပေါ်လာတဲ့အထိကို ဖြစ်သွားခဲ့တယ်..

 သူကတော့ ကျမကို ကျမသူငယ်ချင်းဆီကနေ ဓာတ်ပုံတွေမြင်ဖူးခဲ့တယ်.. အဲဒါကြောင့်လဲ မချောမလှတဲ့ကျမ.. အကျေနပ်ကြီး ကျေနပ်ခဲ့တယ်.. ကျမကို မြင်ဖူးပြီးပြီမို့ ကျမရုပ်ရည်ကို လက်ခံနိုင်လို့ သူရှေ့ဆက်တိုးတယ်လို့ ကျမ သတ်မှတ်ခဲ့လို့ပါပဲ.. တတ်နိုင်ရင် ကျမ သူရှိတဲ့မြို့လေးဆီကို လိုက်လာချင်ခဲ့တယ်.. ကျမချစ်သူကို ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ကျမ တွေ့ချင်တယ်.. မြင်ချင်တယ်.. အဲဒီစိတ်က ကျမချစ်သူဟာ ဘာကြီးဖြစ်ဖြစ် လက်ခံနိုင်တယ်ဆိုတဲ့ စိတ်ကို ဖြစ်ပေါ်စေခဲ့တယ်ထင်ပါရဲ့.. ကိုကိုနဲ့ပတ်သတ်ရင် အရာရာမျှဝေယူချင်တဲ့စိတ် ကျမရင်ထဲမှာ ကိန်းအောင်းလာခဲ့တယ်.. ဒါပေမဲ့ ကိုကိုရယ်.. ကျမကပဲ တုံးတာလား.. ကိုကိုကပဲ ဒီလိုကိစ္စတွေမှာ ကျွမ်းကျင်ခဲ့တာလား မသိခဲ့ဘူးပါဘူး.. ကိုကို အချိုးတွေပြောင်းလာတာလဲ ကျမ မမြင်ခဲ့ဘူး.. ဒါပေမဲ့လေ..ကျမနောက်ပိုင်းတွေမှာ သတိထားလာမိတယ်..

ဒါပေမဲ့ ကျမ.. ကိုကို့အပေါ် အဲဒီလိုမတွေးရက်ခဲ့ဘူး.. နောက်ပိုင်းတွေမှာ ကျမကပဲ ဖုန်းခေါ်ရတော့တာ.. ကိုကိုက ဘယ်တော့မှ ဖုန်းစမဆက်တော့တာ.. အဲဒါတွေ မြင်ခဲ့ပေမဲ့ ကိုကို မအားလို့လို့ သတ်မှတ်ပြီး. ကျမ မာနမရှိစွာပဲ အမြဲ ကိုကို့ဆီ ဖုန်းခေါ်မိတယ်.. ပြောချင်မှန်း မပြောချင်မှန်း မသိ.. စိတ်ပါမှန်း မပါမှန်း မသိ ကျမကတော့ ကိုကိုနဲ့တွေ့ရအောင် စကားတွေအများကြီးပြောရအောင် ဖုန်းခေါ်နေဆဲပဲလေ.. ကိုကို့ရဲ့ တူလေးကို ကိုကိုပြောတဲ့.. ဘဘရဲ့တီတီပုံလေဆိုတာတွေရယ်.. ကိုကို့ဖုန်း wallpaper ပေါ်မှာ ကျမပုံတွေတင်ထားတယ်ဆိုတာရယ်.. ကိုကို့ဘ၀အခြေမခိုင်သေးလို့ ၂နှစ်လောက်စောင့်ပါဆိုတာတွေရယ်...ကိုကို့ပတ်ဝန်းကျင်နဲ့ရင်းနှီးခွင့်ရခဲ့တာတွေ.. အဲဒါတွေ အဲဒါတွေကြောင့် ကျမလေ ကိုကို့ကို အများကြီးယုံကြည်ခဲ့တယ်.. ကိုကိုတကယ်ချစ်တာပဲလို့လဲ ထင်ခဲ့မိတယ်.. အဲဒါကြောင့်လဲ ကျမစိတ်တွေအကုန်လုံးကို ကိုကို့ဆီ ပို့ထားလိုက်မိတယ်.. ကိုကိုပြောနေကျ စကားတစ်ခွန်းကိုလဲ မခံချင်စွာနဲ့ပေါ့ ကိုကို..

ကိုကို အမြဲပြောတယ်လေ.. ရန်ကုန်သူတွေလည်တယ်.. ကျနော်တို့ တောင်ပေါ်သားတွေက ရိုးသားတယ်ဆိုတာလေ.. ကျမ မခံနိုင်ပါဘူးကိုကို.. ကျမတို့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ လည်ပါတယ်.. ဒါပေမဲ့ အကုန်လုံးမဟုတ်သလို ကျမ မပါဘူးဆိုတာ ကိုကို့ကို သိစေချင်ခဲ့တယ်.. ကိုကိုနဲ့သာဆို ကျမ အမြဲပျော်ရမယ်လို့ ထင်ခဲ့မိတယ်.. ကျမရဲ့ငယ်ငယ်လေးကတည်းက နေတတ်ခဲ့တဲ့ပုံစံအတိုင်း ကျမချစ်ရသော၊ အားကိုးရသော ချစ်သူအကိုကြီးတစ်ယောက်ရတယ်ဆိုပြီး ပျော်ရွှင်ခဲ့တဲ့ စိတ်ကလေး အဓွန့်မရှည်ခဲ့ပါဘူး.. မထင်မှတ်ထားလောက်အောင် ကိုကို့ကို ကျမ ယုံကြည်ခဲ့မိလို့.. ကျမရဲ့စိတ်ထဲက အတိုင်း နင့်နင့်သည်းသည်းချစ်လိုက်မိလို့.. ကျမလေ.. အခုသေလုမြောပါးနီးပါးခံစားနေရတယ်ဆိုတာ ကိုကို့ကို သိစေချင်လိုက်တာ.. ခုဆို ကိုကိုဖုန်းမဆက်တာ.. ကိုကိုနဲ့ဖုန်းမပြောရတာ တစ်ပတ်ကျော်ပြီလေ.. ကျမဖုန်းဆက်မှာစိုးလို့ပဲ ကိုကို့ဖုန်းကို ပိတ်ထားတာလား ကိုကို.. ကိုကိုက မဆက်နဲ့ဆို ကျမ ဘယ်တော့မှ မဆက်တော့ပါဘူး.. ထားရာနေ စေရာသွားဆိုတဲ့ ဘ၀ကို အရောက်မခံနိုင်ပေမဲ့ ကိုကိုစိတ်ချမ်းသာမယ်ဆို ကျမ ဘယ်တော့မှ ကိုကို့ကို အဆက်အသွယ်မလုပ်တော့ပါဘူး.. ပြန်လာပါလို့ ကိုကိုတောင်းဆိုရင်တောင် ကျမ ပြန်မလာတော့ပါဘူးကိုကို.. စိတ်နာလို့ မဟုတ်ပါဘူး.. နောက်နောင်တွေမှာ ကိုကိုအဲဒီလိုလုပ်မှာတွေကို ကြိုတွေးကြောက်မိလို့ပါ.. စိတ်မနာနိုင်ပါဘူး.. ဘယ်တော့မှ စိတ်မနာနိုင်သလို ဘယ်တော့မှလဲ မေ့နိုင်မှာမဟုတ်ပါဘူး.. ရင်ဘတ်ကြီးတစ်ခုလုံးစုတ်ပြတ်သတ်သွားအောင်ကို ချစ်မိသွားတဲ့အတွက်ရော.. ကျမချစ်မိတဲ့ ကျမရဲ့ကိုကို့ကို ဘယ်တော့မှ ဘယ်သောအခါမှ ဒုက္ခရောက်မှာကို မလိုလားပါဘူး.. ကိုကို စိတ်ချမ်းသာနေပါစေ ကိုကိုရယ်.. ကျမ ဆုတောင်းပေးနေပါ့မယ်...


No comments:

Post a Comment