Pages

Sunday 29 April 2012

အသဲကွဲတဲ့အကြောင်း ပြောကြစို့..

တစ်ခုလောက် မေးပါရစေ.. သင်တို့အသဲကွဲဖူးပါသလား... အသဲကွဲဖူးတယ်ဆိုရင် အသဲကွဲတာ ဘယ်လိုခံစားရတယ်ဆိုတာလေး သိချင်ပါရဲ့.. မေးတဲ့စကားမှာကိုက ရှင်းရှင်းလေးပါ.. အသဲကွဲဖူးပါသလားလို့.. ကျမကတော့ အသဲလဲ ခွဲဖူးတယ်.. အသဲလဲကွဲဖူးတယ်လေ.. အသဲခွဲတုန်းကတော့ ကိုယ့်ဘက်က ဘာမှ မပါထားလို့ သိပ်မခံစားရပါဘူး.. အဲ.. အခု အသဲလဲကွဲဖူးရော ကိုယ်အသဲခွဲခဲ့တဲ့သူတွေကို စာနာလာရောပဲလေ...အဲဒါပေါ့.. ကိုယ်ကိုယ်တိုင် ခံစားရမှ နားလည်တယ်ဆိုတာလေ.. ကျမ အသဲကွဲဖူးပါပြီ.. တော်တော်လေးကို ခံစားရပါတယ်.. တခြားပြောချင်တာ မဟုတ်ပါဘူး.. ကျမ အသဲကွဲတာကို ကြေညာချင်တာလဲ မဟုတ်ပါဘူး.. ကျမပြောပြချင်တာက အသဲကွဲရင် ဘယ်လိုခံစားရလဲဆိုတာလေးတွေပါ.. အသဲကွဲဖူးသူတိုင်း တနည်းမဟုတ် တနည်းတော့ ခံစားရမှာပါ.. ဆရာလုပ်တာလဲ မဟုတ်ပါဘူး.. ဘယ်လို ခံစားရလဲဆိုတာလေးတွေ တိုင်ပင်ချင်၊ ဝေမျှချင်တဲ့သဘောပါ.. ရှင်တို့ ဘယ်လိုခံစားရလဲတော့ မသိပါဘူး.. တကယ်ချစ်တဲ့သူတွေ ကျမလိုပဲ ခံစားရမယ်ထင်လို့.. အသဲကွဲဖူးသူတွေနဲ့အတူ ဝေမျှ ခံစားချင်လို့.. ကျမ ဒီပို့စ်လေးကို ရေးရခြင်းပါ..



အသဲကွဲတယ်ဆိုတာ မကောင်းပါဘူး.. အဲဒီလိုပဲ အသဲခွဲတာလဲ မကောင်းပါဘူး.. သူတပါးအသဲကို ခွဲခဲ့တုန်းက ဘာလို့ လူတွေ သွေးအေးကြတာလဲ.. ကိုယ့်ကိုယ်တိုင်ခံစားလာရတော့မှ .. ခလုတ်ထိမှ အမိတ ဆိုသလို ဟိုလူ့ကို ကူညီပါဦး.. ဒီလူ့ကို ကူညီပါဦးနဲ့.. အကူအညီတွေတောင်းရ၊  ခံစားရသမျှ ရင်ဖွင့်ရနဲ့ တော်တော် ရှုပ်တဲ့ကိစ္စကြီးပဲ.. အဲဒီအထဲ ညတိုင်း ညတိုင်းငိုရတဲ့ ဒုက္ခကလဲ မသေးဘူးလေ.. အဲလိုငိုတော့ရော.. အိမ်က သိလို့ရတယ်ထင်သလား.. ကြိတ်ငိုရတာလေ.. သိလို့ကတော့ မေးပြီပေါ့.. ဘယ်သူနဲ့ ဘာဖြစ်တုန်း.. ဘာညာနဲ့.. ပြောပြကြည့်လိုက်စမ်းပါ.. ဖေးကူမယ့်သူ ဝေးလို့ ကောင်းတယ် ခံလို့ ပြောခံရမှာ အသေအချာပဲ..အထူးသဖြင့် မိန်းကလေးတွေပေါ့.. ယောက်ျားလေးတွေ အသဲကွဲကြည့်.. အရက်နဲ့ဖြေမလား.. ဘာနဲ့ဖြေမလဲ .. အေးဆေးပဲ.. ဘော်ဒါတွေကလဲ အရက်သောက်ချင်စိတ်နဲ့ မြှောက်ပင့်ပြီး အီးအဲလုပ်ကြမယ့်သူတွေချည်းပဲနေမှာ.. မိန်းကလေးတွေသာ.. အရက်သောက်လို့ မရ.. ဆေးလိပ်သောက်လို့ မရ.. သေရချည်ရဲ့.. ဘယ်မှာလဲ ပေါ်တင်အသဲကွဲဖို့.. အခုပြောနေတာက ယောက်ျားလေးတွေ အသဲကွဲတာကို ဘာညာပြောနေတာ မဟုတ်ပါဘူး.. ကျမက မိန်းကလေးဆိုတော့ မိန်းကလေးတွေရဲ့ခံစားချက်ကို ခံစားပြီးပြောပြတာမို့ ..  ဘော်ဒါအကို၊မောင်တို့ နားလည်ပေးပါဦးနော်..

ကဲ.ကဲ ဆက်ပြောတာပေါ့.. ကျန်တဲ့ညီအမတွေတော့ မသိဘူး.. ကျမ အသဲကွဲတာတော့ ၂ ပတ်လောက် အနည်းလေး ငိုတယ်.. ငိုတာမှ အဆွေးသီချင်းတွေ နားထောင်ပြီးတော့ကို ငိုတာလေ.. တမင်ကို လုပ်ငိုလားထင်ရတယ်.. ဘာပဲပြောပြော သူ့အကြောင်းရောက်ရောက်သွားပြီးငိုတာလေ.. ရောက်မှာပေါ့ ပြောစရာဆိုလို့ အဲဒီတလောဆို အဲဒီအကြောင်းပဲ ရှိနေတတ်တာလား.. လူကပဲ အားနေလို့လားတော့ မသိဘူး.. ဘယ်လိုလှည့်လှည့် ဒီဘူတာပဲရောက်တယ်ဆိုသလို.. ဘယ်ဘက်ကလှည့်ကြည့်လှည့်ကြည့်.. သူ့အကြောင်းကြီးပဲလေ... နောက်ပြီး ကူပြီးနားထောင်ပေးမယ့်သူ ရှိလိုက်ကြည့်.. ဘယ်လိုမှ ပြေးမလွတ်ဘူး.. အဲဒီအကြောင်းကနေ.. မိန်းကလေးတွေဆို ပိုဆိုးတယ်လေ.. ကိုယ့်အပေါ် ဖေးမပြီး ဝေမျှယူပေးမယ့်သူသာ ရှိလိုက်ကြည့်စမ်း.. နားထောင်ပေးတဲ့သူ လက်လန်ပြီး ပြေးယူမယ့်အဖြစ်ရောက်သွားလိမ့်မယ်.. ပြောပြောပြီး ငိုမှာ အသေအချာပဲ..  အဲဒါပေါ့လေ.. ကျမတို့ မိန်းကလေးတွေရဲ့ စကားများတယ်ဆိုတဲ့ အလေ့အကျင့်တစ်ခုပဲလေ.. ရင်ထဲ မထားတတ်တာလား.. ရင်ဖွင့်လိုက်ရမှ ပေါ့သွားမှာကြောင့်လားတော့ မသိပါဘူး.. ဘော်ဒါတွေ ကုန်လောက်ပြီဆိုတဲ့အထိ လျှောက်လျှောက်ပြောတော့တာပဲလေ.. ကုန်လဲကုန်လောက်ပြီလဲဆိုရော.. လူလဲမောရော ဆိုသလိုပဲလေ.. အို .. ဘာပဲပြောပြောပေါ့အေ.. အသဲကွဲတာတော့ မကောင်းဘူးဆိုတာ လူတိုင်းသိပါတယ်.. အဲလိုမကောင်းဘူးမှန်းသိသိကြီးနဲ့လဲ လူတွေဟာ အဲလိုဖြစ်အောင် ခံစားကြတာပဲ..

ဘာပဲပြောပြောပါ.. အသဲခွဲမယ်လို့ ကြံရွယ်ထားတဲ့သူပဲဖြစ်ဖြစ်၊ အချစ်ကို တကယ် မခံစားရပဲ အပျော်သဘောနဲ့ ဆော့ကစားတတ်တဲ့သူပဲဖြစ်ဖြစ်ပေါ့.. တစ်ခုလေးတော့ နားလည်ထားစေချင်တာက .. ကိုယ်ကတော့ အပျော်သဘောလုပ်လိုက်တာပဲ.. တဖက်သားမှာ ဘယ်လို ခံစားရမလဲဆိုတာ တစ်ခုတော့ နားလည်စေချင်တယ်.. သူများကို အသဲမခွဲခင်မှာ ကိုယ်သာ အဲဒီနေရာရောက်လာရင် ဘယ်လိုနေမယ်ဆိုတာကို တချက်လောက်စဉ်းစားစေချင်တယ်.. ကျမ အသဲကွဲတယ်.. ငိုတာ အနည်းဆုံးတော့ ၂ပတ်ပေါ့.. အဲဒီထက်လဲ ပိုချင်ပိုမယ်.. ဒါပေမဲ့ ကိုယ့်တကယ်ချစ်ပြီဆိုမှ အသဲကွဲတာမို့.. ကိုယ့်ကိုခံစားအောင်လုပ်တဲ့သူကို ဘယ်တော့မှ ဘာဖြစ်ပါစေ .. ညာဖြစ်ပါစေလို့ မကျိန်ဆိုဘူး.. အဲဒီလိုပဲ သူ့ကို မေ့လိုက်ဖို့လဲ မစဉ်းစားဘူး.. ကျမပြောတာတွေက တကယ်အသဲကွဲတယ်လို့ ခံစားရတဲ့သူတွေကိုပြောတာနော်.. ခဏ ခဏအသဲကွဲနေတဲ့သူတွေကို ပြောတာမဟုတ်ဘူး.. တကယ်ချစ်လို့ တကယ်အသဲကွဲတဲ့သူတွေကို ရည်ညွှန်းတာပါ.. တစ်သက်တာအတွက်. တကယ်ချစ်ခဲ့တဲ့သူတွေကို ပြောတာပါ..

ကဲ..ကဲ  ဘယ်သူတွေ ဘာပြောပြော အသဲခွဲခံရတာ မကောင်းဘူးဆိုတာရယ်.. အသဲကွဲတဲ့အရသာဟာ ဆိုးဝါးတယ်ဆိုတာရယ်ကို ကျမသိသလောက်လေး ပြောပြတာပါ.. ဒီထက်လဲ ပိုမိုခံစားရမယ့်သူတွေ ရှိမှာပါ.. ဒီပို့စ်တင်ရတဲ့ရည်ရွယ်ချက်က.. ဘယ်သူမဆိုပေါ့လေ.. ကိုယ်တကယ်ချစ်နိုင်မှ ချစ်ကြစေချင်ပါတယ်.. အကြောင်းကြောင်းကြောင့်ချစ်လျက်နဲ့ခွဲခွာရတယ်ဆိုရင်တော့လဲ သူ့ကုသိုလ်ကံကြမ္မာကြောင့်ပဲပေါ့လေ.. အဲလိုမှ မဟုတ်ပဲ အချစ်ကို ခုတုံးလုပ် ကစားနေရင်တော့ တကယ်ခံစားရတဲ့ဘက်က ဘယ်လိုနေမယ်ဆိုတာလေးကို သိစေချင်ရုံသက်သက်ပါ.. အခုခေတ်လူငယ်တွေကို မြင်ရတာ အချစ်ကို ကစားတတ်တဲ့သူတွေများလွန်းလို့.. တကယ်ခံစားရတဲ့ဘက်ကနေ ..သိစေချင်ရုံလေးတစ်ခုကြောင့် ဒီပို့စ်လေး ရေးတင်ရတာပါ.. ရှဲ့ရှဲ့နီပါရှင့်..

No comments:

Post a Comment