Pages

Sunday 29 April 2012

ဘာကြောင့်လဲ..

သူငယ်ချင်းရေ.. ထားခဲ့တဲ့ ရည်းစားတွေထက်.. နင့်ကို ငါ သံယောဇဉ်တွေ ပိုခဲ့မိတယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. ခင်မင်လှပါချည်လို့ ကြွေးကြော်ထားတဲ့ အပေါင်းအသင်းတွေထက်.. နင့်ကို ပိုတွယ်တာမိတယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. မိဘ၊ မောင်နှမတွေပြီးရင်.. နင့်ကို အရင်းနှီးဆုံး ဖြစ်ချင်ခဲ့တယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. ငါ လိုအပ်တာရှိခဲ့ရင်တောင်.. နင့်အတွက် အရင်စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချခဲ့တယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. ချစ်လှပါချည်ရဲ့ဆိုတဲ့ နင့်ရည်းစားထက်.. ပိုမို ပေးဆပ်ချင်ခဲ့တယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. နေရာတကာ ဘုဂလန့်တိုက်တတ်တဲ့ ငါ့အတွက်.. နင့်အသိုင်းအ၀ိုင်းနဲ့ အဆင်ပြေအောင် နေနိုင်ခဲ့တယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. ဒီကမ္ဘာမှာ နင်မရှိရင် မဖြစ်ဘူးဆို မဟုတ်ပေမဲ့.. နင်သာ မရှိခဲ့ရင် ငါ့ဘ၀ ခြောက်ကပ်သွားနိုင်တယ်..
အဲဒါ ဘာကြောင့်လဲ..
ဘာကြောင့်လဲ.. ဘာကြောင့်လဲတွေနဲ့ ပုစ္ဆာထုတ်၊ အဖြေရှာစရာ မလိုခဲ့ပါဘူး..
အသေချာဆုံးအဖြေက ငါ့ရင်ထဲမှာ ရှိနေခဲ့ပြီးသားပါ..
အဲဒါဟာ.. နင့်ကို ချစ်လို့ ဆိုတာပါပဲ..
( 2012 Leap Year အမှတ်တရ)

No comments:

Post a Comment