Pages

Sunday 29 April 2012

ရည်ရွယ်ရာမဲ့

လူတိုင်း လူတိုင်း အချစ်နှင့်တွေ့ကြုံဖူးကြမှာပါ.. ကျမကတော့ အချစ်ဆိုတာကို တွေ့ဖူးကြုံဖူးခဲ့ပါတယ်..ေ၀၀ါးဝါး အချစ်.. ပေါ့တော့တော့အချစ်များနှင့်သာကြုံခဲ့ရဖူးပါတယ်.. ကျမတွေ့ခဲ့တဲ့ယောက်ျားများကို ကျမ အစကတော့ ချစ်တယ်လို့ ထင်ခဲ့မိတယ်.. တွေ့ဖန်များလာသည့်တိုင်.. သူငယ်ချင်းဖြစ်လာသည့်တိုင် ကျမ သူတို့ရဲ့အပေါ်ယံအရေခွံကိုပဲ မြင်ခဲ့ပြီး .. ကျမ ရွေးချယ်ပြီးမှသာ သူတို့ကို စိတ်ပျက်လာတဲ့အခြေအနေတွေ ပေါ်ပေါ်လာတတ်တာ ကျမစိတ်ရဲ့သဘာဝတစ်ခုပေပဲလား မသိခဲ့ပါဘူး.. အချိန်တွေကြာလာလေ.. ကျမ စိတ်ပျက်လာလေ ဖြစ်လာခဲ့တဲ့ သူတို့ရဲပုံစံတွေ .. ကျမနဲ့ အံဝင်ဂွင်ကျ မဖြစ်ခဲ့ဘူး..

 ဒါပေမဲ့လည်းလေ.. ကျမမှာ .. အခု.. ကျမနဲ့ ဘာမှ မသက်ဆိုင်သော.. ကျမရဲ့ ချစ်သူတွေထဲက မဟုတ်သော ကျမရဲ့ အချစ်ဆုံးသူငယ်ချင်းလေးတစ်ယောက်အပေါ် မှတ်မှတ်ထင်ထင် ချစ်ခင်လာခဲ့မိတယ်.. သူ့ကို ကျမ အွန်လိုင်းပေါ်ကနေ ခင်မိခဲ့တာပါ.. ဒါပေမဲ့ စ ခင်ကတည်းက မှတ်မှတ်ထင်ထင် ဖြစ်ချင်စရာ ကောင်းလောက်အောင်ကိုပဲ.. သူ့စိတ်ဓာတ်ကို ကျမ ချစ်ခဲ့တယ်.. သူနဲ့ကျမ သူများတွေထက်ပိုတဲ့သံယောဇဉ်တွေ ထားခဲ့မိကြတယ်.. တကယ်ပဲ သူနဲ့ကျမ နှစ်ကိုယ့်တစ်စိတ်တွေလို ဖြစ်ခဲ့တယ်.. အဲဒီကြားထဲကနေပဲ.. ကျမ .. သူသိတဲ့ သူတို့နားက အကိုတစ်ယောက်နဲ့လဲ ဇာတ်လမ်းတွေ ပတ်သတ်လို့နေခဲ့သေးတယ်.. ဒါကို သူလဲသိပါတယ်.. သူကိုယ်တိုင်ကကိုပဲ လိုလိုချင်ချင် အဲဒီလူအကြောင်း စုံစမ်းပေးခဲ့တယ်.. ကျမကိုလည်း.. အဲဒီလူကို သဘောကျလဲ သူဘက်က ဘာမှ မဖြစ်ပါဘူး.. သူ့ဘက်က ဒီတိုင်းလေး ချစ်နေရရင် တော်ပါပြီလို့ ပြောခဲ့တယ်.. အဲဒီတုန်းကတော့ ကျမ အမှုမဲ့အမှတ်မဲ့ ထားခဲ့မိလိုက်တယ်.. သူ ကိုယ့်ဘက်မှာ ရှိနေတယ်ဆိုပြီးပေါ့..



 ဒါပေမဲ့.. တစ်နေ့မှာ ကျမ မထင်မှတ်လောက်တဲ့ သတင်းတစ်ပုဒ် ကျမဆီ ရောက်လာခဲ့တယ်.. သူကိုယ်တိုင် ပြောပြခဲ့တာပါ.. သူ.. ချစ်သူရပြီတဲ့.. အဲ့ကောင်မလေးကို သူ တကယ်ရည်ရွယ်တာတဲ့.. ကျမ ကမ္ဘာပျက်သလိုဖြစ်ခဲ့တယ်.. ကျမ နှလုံးသားအလုခံလိုက်ရတယ်လို့ ခံစားလိုက်ရတယ်.. မေ့လဲမတတ်ဖြစ်ခဲ့ရတယ်.. အဲဒီနေ့က ကျမ ထမင်းမစားနိုင်ခဲ့သလို.. တစ်ညလုံးအိပ်မရနိုင်အောင် ပူလောင်ခဲ့တယ်.. ကျမကမ္ဘာပျောက်ဆုံးသွားခဲ့သလိုပဲ.. တကယ်လဲ ပျောက်ဆုံးသွားခဲ့ရပါတယ်.. အစကတော့ ကျမ သူ့ကို အရမ်းခင်တယ်လို့ပဲ ထင်ခဲ့မိတယ်.. အနေဝေးတဲ့ ကျမတို့ဘ၀ကြောင့် ကျမ သူ့ကို တကယ် မချစ်ခဲ့ဘူးလို့ ထင်ခဲ့မိတယ်.. ဒါပေမဲ့ တဖြေးဖြေး ကျမသိလာတာတော့ ကျမ သူနဲ့ဝေးခဲ့ပြီပဲလို့လေ.. တကယ်ပဲ ဝေးခဲ့ပါတယ်.. အရင်က တစ်နေ့ ၂ ခါလောက် အမြဲ ဖုန်းပြောဖြစ်တဲ့ ကျမတို့ရဲ့ ဇာတ်လမ်း ပြီးဆုံးခဲ့တယ်.. သတိရတိုင်း ကျမက စပြီးပဲ ဖုန်းခေါ်ခဲ့ရတယ်.. ကိုယ့်စိတ်ကိုယ် နိုင်အောင် ထိန်းရင်းကနေ သူနဲ့အဆက်အသွယ် မပြတ်သွားအောင် နေထိုင်ခဲ့ရတယ်.. သူ့ရည်းစားကိုလဲ မချစ်သော်လဲ အောင့်ကာနမ်းခဲ့ရတယ်လေ.. သူနဲ့ပတ်သတ်ပြီး သူ့အပေါင်းအသင်း ..သူ့အသိုင်းအ၀ိုင်းကို ချစ်အောင်လဲ ကျမ နေခဲ့တယ်.. ဒါပေမဲ့ တဖြေးဖြေးသိလာတာတော့ ကျမ သူ့ကို တကယ်ချစ်တယ်ဆိုတာပါပဲ.. သူကလဲ သူ့ချစ်သူကို တသက်လုံးရည်ရွယ်မယ်ဆိုတာ သေချာနေခဲ့ပြီ.. ကျမဘက်ကို သူပြန်မလာတော့ဘူး ဆိုတာလဲ သေချာနေခဲ့ပြီ...

အခုဆို ကျမလေ သူချစ်သောသူနဲ့အတူလက်တွဲနေနိုင်ပါစေလို့ အငိုမျက်ရည်နဲ့လဲ ဆုတောင်းတတ်နေခဲ့ပါပြီ.. သူ့အတွက်ဆို ဘာမဆို အဆင်သင့် ပေးဆပ်မယ့် စိတ်ဓာတ်လေးတစ်ခုတော့ ကျမ ပိုင်ဆိုင်ခွင့်ရချင်သေးတယ်.. တကယ်လဲ သူ့အတွက်ဆို အဆင်သင့်ဖြစ်အောင် ကြိုးစားနေထိုင်နေဆဲပါ.. ကျမအချစ်ကို ပေါ်ပေါ်တင်တင်ပေးဖို့ မဖြစ်နိုင်တော့တဲ့ နောက်မှာ ကျမ သူ့ကို တိတ်တခိုးနဲ့ပဲ ဆက်ချစ်သွား ဆက်ပေးဆပ်သွားချင်ခဲ့ပါတယ်.. သူ့ကို တစ်သက်လုံး ကျမ ချစ်တယ်ဆိုတာ သူသိရုံလေး သိသာနေရင်ပဲ ကျေနပ်မှု အပြည့်အ၀နဲ့ပဲ.. နေတတ်ခဲ့ပါပြီ... ဒီလိုနဲ့ သူ့အနားမှာ သူလိုသမျှကို ဖြည့်ဆည်းရင်း  ဆက်နေထိုင်သွားပါတော့မယ်လို့လဲ ကျမ ဆုံးဖြတ်ထားခဲ့ပါပြီ..

အဲလိုနေနေရင်းကနေလဲ .. သူ သဘောတူပေးတဲ့ သူ့သူငယ်ချင်းတစ်ယောက်ကို ကျမ ခေါင်းငြိမ့် လက်ခံခဲ့တယ်.. အစကတော့ သူပျော်ရွှင်ပါစေဆိုတဲ့စိတ်ကလေးနဲ့ရော.. တဖတ်က သူ့သူငယ်ချင်းရဲ့ ကျမအပေါ်အတည်ဆိုတဲ့ စိတ်ကလေးနဲ့ပါ.. ကျမ သူ့သူငယ်ချင်းကို သဘောတူလက်ခံခဲ့တယ်.. ကျမဆိုးသမျှ ခံခဲ့တဲ့ သူ့သူငယ်ချင်းကို တခါတခါ သနားစိတ်ဝင်မိခဲ့တယ်.. တခါတခါ ချစ်သလိုလို ဖြစ်လာမိခဲ့တယ်.. အဲဒီလို ဖြစ်လာသမျှဟာ.. သူနဲ့တွေ့လိုက်တဲ့အချိန်ဆိုရင် ပျောက်ကွယ်သွားတတ်တာကိုတော့ ကျမ သတိထားခဲ့မိတယ်.. ဒါပေမဲ့လည်း.. သူ့ရင်ထဲမှာ ကျမ မရှိဘူးဆိုတာကိုတော့ ကျမ အမြဲတမ်း သတိတရရှိခဲ့တယ်.. အချိန်ကြာလာတာနဲ့အမျှတော့ ကျမ သိသိလာတာဟာ..

သူ့သူငယ်ချင်းကို ဘယ်လိုမှ မချစ်နိုင်ဘူးဆိုတာပါပဲ.. ပိုပြီး သိလိုက်တာကတော့.. ကျမ သူတို့ရှိတဲ့ မြို့ကလေးကို အလည်သွားမိခဲ့တဲ့အချိန်ပါပဲ.. ကျမနဲ့ အမြဲအတူရှိနေပေးခဲ့တဲ့သူ.. ကျမလိုအပ်သမျှကို အနားကနေ ဂရုစိုက်ပေးတဲ့သူ.. ကျမ အရင်က ထားရှိခဲ့တဲ့ စိတ်တွေ ပြန်ပေါ်လာခဲ့တယ်လေ... မထိန်းနိုင်ခဲ့ပါဘူး.. တခြားသူငယ်ချင်းတွေ ရိပ်မိလောက်အောင်ကိုပဲ.. ကျမ သူ့နားက တစ်ဖ၀ါးမှ မခွာခဲ့ချင်ဘူးလေ.. သူနဲ့အတူရှိနေနိုင်တဲ့ ဒီခဏတာအချိန်လေးကို.. ဘယ်သူတွေ ဘာပြောပြော ကျမ ဂရုမစိုက်ချင်လောက်အောင် ဖြစ်ခဲ့မိတယ်.. နောက် ဘယ်နေ့ ဘယ်အချိန်မှာ ပြန်ဆုံမယ်ဆိုတာ မသေချာတဲ့ ကျမရဲ့သူနဲ့.. ရှိနေတဲ့ အချိန်ခဏလေးမှာတော့ သူ့အနားက ကျမ မခွဲသွားချင်ခဲ့ပါဘူး.. ရှိနေနိုင်သလောက်လေး.. ကျမ နေချင်ခဲ့ပါသေးတယ်.. ဘယ်သူတွေ ဘာပြောပြော.. ဘယ်လိုမြင်မြင်.. ကျမ ဂရုမစိုက်ချင်ခဲ့ဘူး.. ကျမ ချစ်တဲ့သူနဲ့ အတူရှိနေဖို့ပဲ ကျမ သိနေခဲ့တယ်..

ကျမ သူ့ကို ချစ်တယ်.. တကယ့်ကို ချစ်ခဲ့တယ်.. သူ့အတွက် ကျမ ဘယ်နေရာမှာပဲ ရှိနေပါစေ.. မလိုအပ်ပါဘူး.. ကျမ ချစ်နေရရင်ပဲ ကျေနပ်နေခဲ့မိပါတယ်.. အခုအချိန်မှာ အလိုချင်ဆုံးကို ပြောပါဆိုရင်တော့.. ကျမကို သူနားလည်ဖို့နဲ့ .. ဖြစ်နိုင်ရင် ကျမလေ.. သူ့ရဲ့ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းကိုပါပဲ.. တကယ်ပါ.. ကျမအကြားချင်ဆုံးနဲ့ အလိုချင်ဆုံးဟာ.. သူ့ဆီက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းပါ.. ကျမကို အရာရာတိုင်းထက်.. လူတိုင်းထက်.. နောက်ဆုံးကုန်ကုန်ပြောရရင် သူ့လက်ရှိချစ်သူဆိုတာထက်ကို ပိုချစ်တယ်ဆိုတာလေး တစ်ခုလောက်တော့ ကြားချင်မိတယ်လေ... တကယ်လို့သာ ကျမကို သူတကယ်ချစ်ခဲ့တယ်ဆိုရင် .. ကျမလေ.. အရာရာကို စွန့်လွှတ်ပြီး သူနဲ့အတူရှိနေနိုင်ဖို့ .. သူ့ဆီ ပြေးလာမိမှာ အသေအချာပါပဲ..

ငါ တကယ်ချစ်ခဲ့တာပါ ချစ်သူ... မထင်မှတ်လောက်အောင်ကို ငါတကယ်ချစ်မိခဲ့တာပါ.. ဟိုးအရင်က ခံစားချက်တွေကို ငါ ကွန်ပျူတာပေါ်မှာ ချရေးပြီး သိမ်းထားခဲ့ဖူးတယ်.. တခြား ဘယ်သူမှ မသိနိုင်အောင် တစ်ယောက်တည်း ခံစားချက်တွေ ဖွင့်ဟဖို့ ငါ့ကွန်ပျူတာကို ငါ ခဏ ခဏ အသုံးချပစ်ဖူးတယ်.. ငါ တခုခု ခံစားရပြီဆိုရင် ငါ့ကွန်ပျူတာထဲမှာ လူမသိ သူမသိ ချရေးထားတတ်ခဲ့တဲ့အကျင့်လေးတစ်ခုကြောင့်.. အခု ငါ မတရားခံစားချက် .. ပြင်းထန်လာတဲ့အချိန်.. နင်နဲ့ပတ်သတ်တာတွေ ဖွင့်ဟခဲ့တုန်းက စာတွေ ပြန်ဖတ်မိတော့ တပိုင်းတစ စာလေးတစ်ခုသွားတွေ့မိတယ်.. အခုတော့ အဲဒီစာကို ငါ ပြီးဆုံးအောင် ရေးထားခဲ့ပါပြီ... ဒီလိုနဲ့ လူမသိ သူမသိ ပြီးဆုံးသွားတဲ့အခြေအနေတွေကို မလိုချင်ခဲ့မိတဲ့ ငါ့ရဲ့ အခုလက်ရှိ ရှိနေတဲ့အတ္တတစ်ခုကြောင့်.. နင် ပြန်လာပါစေလို့ ရည်ရွယ်ရင်း.. ပြန်များ လာနိုင်မလားဆိုတဲ့ စိတ်တစ်ခုနဲ့ ငါ နင့်ကို ဒီစာပို့မိတယ်.. နင် ပြန်မလာခဲ့ရင်လဲ ငါ ဘာမှ မပြောပါဘူး.. ချစ်သူ.. ငါ့ကံပေါ့.. တကယ်လို့.. အဲလို ဖြစ်ခဲ့ရင်လဲ ငါ.. နင့်အတွက်.. နင်လိုအပ်ရင် အဆင်သင့်ဖြစ်အောင် ငါ နေနေမှာပါ.. အရာရာ နင့်အတွက် အဆင်သင့်ဖြစ်နေအောင် နေထိုင်နေဖို့လဲ.. ငါကြိုးစားနေမှာပါ ချစ်သူ.. ချစ်တယ်... အရမ်းချစ်မိတယ်.. ငါ တကယ်ချစ်မိတာပါ ချစ်သူ...

No comments:

Post a Comment