Pages
Friday, 3 May 2013
အောင်ဘာလေ သိန်း ၁၅၀၀ ထီဆု ပေါက်ခဲ့သော်…
ခုတလော..ကျွန်မ ကေပိုးတစ်ယောက်.. ထီ အရမ်းပေါက်ချင်နေပါတယ်.. ပေါက်ချင်တာမှ.. သိန်း ၃၀၀၊ သိန်း၅၀၀ တွေမှ မဟုတ်ပဲ.. သိန်း ၁၅၀၀ ထီဆုကြီးကိုမှ မျှော်မှန်း လိုချင်နေမိခြင်း ဖြစ်ပါတယ်…
တကယ်လို့များ…
ကျွန်မသိန်းထောင့်ငါးရာဆုကြီး ပေါက်ခဲ့ရင်…
(၁)
ရလာတဲ့သိန်း ၁၅၀၀ ကို.. ၃ ပုံ အရင် ပုံပါ့မယ်.. ပထမအပုံ သိန်း ၅၀၀ကို.. မေ့ကို ပေးပြီး.. လက်ရှိနေနေတဲ့ အိမ်ဘေးက မြေကွက်လပ်မှာ.. အိမ်ကောင်းကောင်းတစ်လုံး ဆောက်ပါမည်…
နောက်ထပ်သိန်း ၅၀၀ ကို… မေ့ကို ပေးပြီး.. မေသုံးချင်ရာ သုံးဖို့.. ဆေးဖိုးဝါးခအဖြစ်ရော.. လှူဖို့ဒါန်းဖို့ရော….ပေးလိုက်ပါမည်.. ကျန်တဲ့သိန်း ၅၀၀ ကိုတော့.. ပိုက်ဆံ စုနိုင်ဖို့ ခဲယဉ်းနေသော.. ကျွန်မ၏ ချစ်သူအား ပေးပြီး..ဘဝတစ်ခု တည်ထောင်ဖို့အတွက်.. စတင်ဖို့ ကြံပါမည်..
Wednesday, 1 May 2013
အပြုံးချိုချို.. ပြုံးချင်တယ်
ပြုံးခြင်းရဲ့ နောက်ကွယ်မှာ.. ဘာရှိသလဲ ???
ခုတလော.. ကျွန်မ သိပ်မပြုံးဖြစ်တာ ကြာပြီ.. စိတ်မကြည်တာလည်းပါ၊ အလုပ်များတာတွေလည်း ပါမယ်ထင်ပါရဲ့.. ကြည်ကြည်လင်လင် မပြုံးဖြစ်တာ ကြာတဲ့အထဲ.. အတိုက်အခိုက်များတဲ့လောက၊ ဇယားရှုပ်တဲ့ မိန်းမသဘာဝတွေကြောင့်.. နဖူးကြောတွေ အမြဲတမ်းလိုလို တွန့်ထားရင်.. စူပုတ်တဲ့ မျက်နှာက.. လူတကာကို.. ငြူစူသယောင်..
နှစ်တစ်နှစ်ရဲ့ ဘတ်ဂျက်အကုန်ကာလမို့.. ကျွန်မလို လူ မပြောနဲ့.. နေရာဒေသတိုင်းက.. အလုပ်လုပ်ကိုင်သူ တော်တော်များများ.. အလုပ်ရှုပ် ပင်ပန်းနေကြတာဟာ.. သဘာဝလိုလို ဖြစ်နေခဲ့ရတယ်.. ဒီလို အချိန်မျိုးမှာ.. ကျွန်မအတွက်ကတော့.. အလုပ်ကပေးတဲ့ ပင်ပန်းခြင်းတွေကြောင့်.. စိတ်မကြည်လင်ခြင်းတွေ ဖြစ်နေခဲ့ပြီး.. ကိုယ်လုပ်ရမယ့်.. ကိုယ့်လုပ်ငန်းရဲ့ အဓိကကျတဲ့.. အရာတစ်ခုကို.. လက်လွတ်စပယ် ထားပစ်ခဲ့မိပြန်တယ်..

Tuesday, 23 April 2013
ကြည်နူးခြင်း မျှော်လင့်ချက်
၂၉၊ ၃၁၊ ၃၂၊ ၆၅.. ကိန်းဂဏန်းတွေ စီနေခြင်း မဟုတ်ရယ်ပါ...နိမ့်ရာက
မြင့်သွားမလား.. မြင့်ရာက နိမ့်ဆင်းသွားမလား.. ကြိမ်းသေတာတော့..
ဒါတွေဟာ... အသက်အပိုင်းအခြားဂဏန်းတွေမို့.. နိမ့်ရာကနေ မြင့်တက်သွားရုံပဲ
ရှိပါတော့တယ်..
ငယ်တော့တဲ့.. သက်တမ်းတွေ မဟုတ်တဲ့.. ဒီအပိုင်းအခြားလေးတွေထဲမှာ.. လိုအပ်တာ၊ လိုချင်တာလေးတွေ.. စိန်စီသလို အစီအရီထဲကမှ.. ငတ်မွတ်နေတဲ့ အရာလေးတစ်ခု.. ပြည့်ဝပြန်ပြီလေ..
ရာထူးတိုးတယ်.. ဝါတိုးတယ်.. အဘွားတဲ့.. အဒေါ်တဲ့.. ဦးလေးတဲ့.. အမှန်တော့ ကြည်နူးစရာ သတ်မှတ်ချက်ကလေးတွေပေါ့..
ဝေးကွာနေတဲ့.. အလှမ်းကွာနေတဲ့.. ပျောက်ရှနေတဲ့.. ဒီမိသားစုလေးထဲ.. အူဝဲ.. အူဝဲ အော်သံနဲ့အတူ.. သာယာချမ်းမြေ့ခြင်းတွေ.. တစ်နေ့ ကြုံလာရတော့မယ်တဲ့... တွေးတွေးပြီး ကြည်နူးစရာပေါ့..

Saturday, 20 April 2013
:(
နေ့တိုင်းပုံမှန်
ရောက်ရှိနေတဲ့
နေရာဒေသတစ်ခုက
ငါ့ ရင်အနာကို ပိုပြီး ထိုးဆွစေသတဲ့လား..
အဖြူက အပြာအဖြစ်
အပြာက အနီအဖြစ်
တရစ်ရစ် အရောင် ပြောင်းသွားပေမဲ့
တခါတခါကျ
အဖြူရောင်ကို စွန်းထင်းစေသူ
ငါ.. မဖြစ်ချင်ခဲ့ပြန်ဘူးလေ..
Tuesday, 2 April 2013
နင်နဲ့ငါ
" ဒိန်း "
ကောင်းကင်ပြိုကျတဲ့ အဖြစ်လား
ထန်းလက်ကာရတဲ့ အဖြစ်လား
မြည်ဟီးသံက အန န္တ
အရင်းစစ်တော့
ဖြစ်တည်တာက
ရင်ခွင်နက်က.. တုန်ဟီးသံ
ကောင်းကင်ပြိုကျတဲ့ အဖြစ်လား
ထန်းလက်ကာရတဲ့ အဖြစ်လား
မြည်ဟီးသံက အန န္တ
အရင်းစစ်တော့
ဖြစ်တည်တာက
ရင်ခွင်နက်က.. တုန်ဟီးသံ
Monday, 1 April 2013
ရူးတယ်
ရူးတယ်...
ထူးမခြားနား ဇာတ်လမ်း
က ဖို့..
ထူးထူးခြားခြား ..
ခေါင်းခါးခြေလက်..
အသက်ဝင်အောင်..
ငါ ကြိုးစားခဲ့တယ်..
ရူးတယ်..
ဖြစ်ချင်တိုင်းလည်း
မဖြစ်တဲ့ ဘဝကို..
ငါ့အတွက်၊ ငါ့ဖို့..
အတင်းဖြစ်ညှစ်
သံယောင်လိုက်ယူခဲ့တယ်..
Thursday, 7 March 2013
နွမ်းလျဒီဇင်ဘာ
တစ်နှစ်ပြီး တစ်နှစ် ကုန်ခဲ့ပြန်ပြီ..
တစ်နှစ်ပြီး တစ်နှစ် ပျော်ခဲ့ပြီးပြီ..
ဒီတစ်နှစ်လည်း.. နှစ်စဉ်နှစ်တိုင်းလို.. ပျော်ရွှင်ရမည်ပေါ့….
မျှော်လင့်ခဲ့တယ်.. ထင်မှတ်ခဲ့တယ်.. ယုံကြည်ခဲ့တယ်….
ဒါပေမဲ့လည်း…..
…………………………………
မျက်လုံးတွေ… မျက်လုံးတွေ…
သနားတာလား.. ဂရုဏာသက်တာလား….
စုပ်တသပ်သပ်နဲ့..
ခန်းမကြီး အပြည့်.. မျက်လုံးတွေ..
မမြင်ပါရစေနဲ့… မကြည့်ပါရစေနဲ့.. မကြည့်နေကြပါနဲ့…

Subscribe to:
Posts (Atom)